Pages

Monday 19 September 2011

နိုင်ငံအကျိုး ဖြစ်ထွန်းမည့် ငွေလဲလှယ်နှုန်းထား ဖြစ်ပေါ်

စက်မှု (၂) ဝန်ကြီးဌာနက တရားမဝင် တင်သွင်း သော Super Custom ကားများကို အမေရိကန် ဒေါ်လာ ၁၃,ဝ၀ဝ မှ ၂၀,ဝ၀ဝ အထိ ဒဏ်ရိုက်ခြင်း နှင့် နှစ် ၄၀ ကျော် ကားဟောင်း များကို ဒေါ်လာ ၃၅၀ဝ ထက်မပိုသော ကား တင်သွင်းပါမစ်များ ထုတ်ပေးပြီး ကား တင်သွင်းခွင့်ပြုမည် ဆိုသော ဆောင်ရွက်ချက် များကြောင့် ပြည်တွင်းဈေး ကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၆၇၅ ကျပ်အထိ ထိုးကျနေ ရာမှ ၇၆၀ ကျပ်အထိ ပြန်လည်ထိုး တက်လာသည်ကို တွေ့ရသည်။ အစိုးရဝန်ကြီး အချို့ကလည်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၉၀ဝ ကျပ်နှင့် ၁၀ဝ၀ အကြားရှိသင့် သည်ဟု တရားဝင် ထုတ်ဖော်ပြောဆိုလာ ခြင်းများကို သတင်း မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။
ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက နှစ် ၄၀ ကျော်မှ နှစ် ၂၀ ကျော်ကားများ ကို တစ်ဆင့်ပြီးတစ်ဆင့် လဲလှယ်ပေး မည့်အစီအစဉ်အား စက်တင်ဘာလ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာ များတွင် ထုတ်ပြန်ခဲ့ရာ ပြည်တွင်းဒေါ် လာ ဈေးကွက်သို့ ဂယက်ရိုက်ခတ်မှုများ စွာဖြစ်ပေါ်ပြီး ဒေါ်လာဈေးနှုန်း အပြောင်းအလဲ အချို့ဖြစ်ပေါ်သွားကြောင်း ဈေးကွက် အတွင်းမှ စုံစမ်း သိရှိရသည်။ ကားဟောင်းတွေ အစားထိုးလဲ ပေးမယ့်သတင်းကြောင့် တနင်္လာနေ့ (စက်တင်ဘာလ ၁၂ ရက်မှာ) ဈေးကွက် မှာ ဒေါ်လာဈေးကွက် မတည်မငြိမ် ခဏဖြစ်တယ်။ ဈေးစဖွင့်တော့ တစ်ဒေါ် လာကို မြန်မာငွေ ၈၀ဝ ရမှ ရောင်းမယ် လို့ တချို့ငွေလဲဒိုင်တွေက ပြောကြ တယ်။
အဓိကကားသစ်တွေ သွင်းခွင့်ရ ရင် ဒေါ်လာလိုမှာဖြစ်တဲ့အတွက် ဒေါ်လာဝယ်လိုအားများမယ်၊ ဒေါ်လာ ဈေးတက်မယ်ဆိုပြီး ဈေးအမြင့်နဲ့ စဖွင့် ကြတာ ဟု ကျောက်တံတားမြို့နယ် မှ နိုင်ငံခြားငွေလဲဒိုင်တစ်ဦးကပြောကြား သည်။ အစိုးရက နိုင်ငံတော် ဘဏ်တွင် ဒေါ်လာတစ်သိန်းနှင့်အထက် ထည့် သွင်းထားသော စီးပွားရေးလုပ်ငန်းရှင် များ၊ အမေရိကန် ဒေါ်လာသုံးသောင်းနှင့် အထက် ထည့်သွင်းထားသော သင်္ဘော သားများ၊ ပြည်ပနိုင်ငံများတွင် တရား ဝင်အလုပ်လုပ်နေသူများကို ကားတင် သွင်းပါမစ်ပေးမည်ဟု ရထားပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက စက်တင်ဘာလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်သော မီဒီယာရှင်းလင်းပွဲတွင် ပြောဆိုသည်။ ဒေါ်လာ သို့မဟုတ် FEC ကို MFTB (မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်) နဲ့ MFTB (မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်) မှာ ဘဏ်စာရင်းဖွင့်ပြီး သတ်မှတ်ငွေကြေး ပြနိုင်ရင်လည်း ကားသွင်းခွင့်ပေးမယ်ဆို တော့FEC တန်ဖိုးလည်းနည်းနည်း တက်တယ်။ ဒေါ်လာ တန်ဖိုးကလည်း တက်ရိပ်ပြတဲ့အနေအထားရှိပါတယ် ဟု နိုင်ငံခြား ငွေကြေး ဈေးကွက်ကျွမ်းကျင် သူ စီးပွားရေး သမားတစ်ဦးက ရှင်းပြသည်။
အမေရိကန်ဒေါ်လာသည် စက်တင်ဘာ လ ၁၃ ရက်နေ့တွင် တစ်ဒေါ်လာလျှင် မြန်မာငွေ ၇၆၀ ကျပ်၊ FEC သည် တစ်ယူနစ်လျှင် ၇၂၀ကျပ် ဈေးရှိကြောင်း ဈေးကွက်သတင်းအချက်အလက်များ အရ သိရှိရသည်။ ပို့ကုန်ရငွေတန်ဖိုးမှာလည်း ကား ဟောင်းများအစားထိုးရေးအစီအစဉ် များကြောင့် ဈေးနှုန်းအတက်အကျကြမ်း နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ ကားသွင်းခွင့်ပြုမယ်ဆိုရင် နမေညငညါ ဈေးလည်း တက်လာမယ်လို့ တော့ ကျယ်ကျယ်ပြန့်ပြန့်သုံးသပ်ကြ တယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ ဈေးကွက်စဖွင့်တဲ့အချိန် Earning (ပို့ကုန် ရငွေအမေရိကန်ဒေါ်လာ) တစ်ဒေါ်လာ ကို ရှစ်ရာနဲ့ဈေးစဖွင့်တယ်။ အခု (စက်တင်ဘာ လ ၁၃ ရက်)တော့ တစ် ဒေါ်လာကို ၇၈၂ ကျပ်ရှိတယ် ဟု ပို့ကုန် ရငွေဈေးကွက် ကျွမ်းကျင်သူဝယ်ရောင်း အကျိုးဆောင်တစ်ဦးက ဆိုသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ်ဦးမော်သန်းက ဒေါ်လာတန်ဖိုးတက်အောင် ဆွဲတင်တာ မျိုးက အရေးပေါ်အခြေအနေကာလ၊ ရေတိုယာယီအတွက်ပဲ ကောင်းပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ ဈေးကွက် စီးပွားရေးစနစ်ကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်သင့်တယ်။ စီးပွားရေးသမားတိုင်း သာတူညီမျှမှုရှိရှိ၊ အခွင့်အရေးတူ စီးပွား ရေးလုပ်နိုင်အောင် ဖန်တီးပေးမှ အကျိုးဖြစ် ထွန်းမယ် ဟု ရှင်းပြသည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားတွဲဖက်ပါမောက္ခဒေါက်တာ မောင်မောင်စိုးကလည်း ငွေလဲနှုန်းပြု ပြင်ပြောင်းလဲရာတွင် ဈေးကွက် အင်အားစုများ ကြောင့် ဖြစ်ပေါ်လာ သော ငွေလဲနှုန်းကိုသာ လက်ခံစီးပွားရေး ဆောင်ရွက်သင့်သည်ဟု ထောက်ပြ သည်။ ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ်Stability ရှိမှ Growth ရှိတာ။ ပြည်သူ့အစိုးရ ဆိုရင် ပြည်သူ့အသံကို နားထောင်ပါ ဟု ဒေါက်တာမောင်မောင်စိုးက ပြော ကြားသည်။
သာလွန်ဇောင်းထက်

No comments: