Pages

Friday 10 June 2011

အွန်လိုင်းပေါ်မှာ ဘဝ ကြင်ဖော်ရှာဖို့ စတင် အိပ်မက် မက်မယ့် သူများသို့

ဒီနေ့ ခေတ်ရဲ့ အင်တာနက် ကမ္ဘာ ဟာ ကြီးမား ကျယ်ပြန့်မှု မြင့်မား လာတာ နဲ့အမျှ အွန်လိုင်းပေါ် ကနေ တစ်ဆင့် မိတ်ဆွေ၊ သူငယ်ချင်း နောက်ဆုံးစုံ တွဲတွေ၊ ဘဝ လက်တွဲ ဖော်တွေဖြစ်လာ ကြတာ ဟာ ဘယ်သူမှ မအံ့ဩ ကြတဲ့ အဆင့်ကို ရောက်မှန်း မသိရောက်လာ ခဲ့ပါပြီ။ ချက်တင်တွေ၊ အီးမေးလ် တွေ ကနေတစ်ဆင့် အွန်လိုင်းအသုံးပြုတွေ ဟာ ရင်းနှီးခင်မင်မှုရကြသလို အချို့ အချို့သော သူတွေ ကလည်း Dating Site တွေမှာ အဖွဲ့ဝင်အဖြစ်ဝင် ရောက်ပြီး ဘဝကြင်ဖော်အစစ်အမှန် ကိုမရှာ ဖွေနိုင်ရင် တောင် မိတ်ဆွေအသစ် တွေကိုတော့ ရှာဖွေ တတ်ကြ ပါတယ်။
အခု ဖော်ပြပေးမယ့် အချက် လေးတွေ က အွန်လိုင်း အသုံးပြုသူတွေ အနေနဲ့ Dating Site တစ်ခုကို ဝင်ရောက်ချင် တယ်ဆိုရင် ဘယ်လို လုပ်ရ မယ်ဆိုတာ နဲ့ ပတ်သက် ပြီး ကျွမ်းကျင် သူတွေက စေတနာ ရှေ့ထား သုံးသပ်ပြ ထားတာ တွေကို ထပ်ဆင့် ဝေမျှခြင်းပါ။ အဲဒါ ကြောင့် ဒီအချက် လေးတွေကို အတူ လေ့လာ ကြည့်ရအောင်...
(၁) ကောင်းမွန်းတ Dating Site လားရယ် လို့စီစစ်ပါ။
ယခုအခါမှာ Dating Site တွေက အရေ အတွက်များ လွန်းတော့ ဘယ်ဝက်ဘ်ဆိုက်ကို ရွေးချယ်ရမယ် ဆိုတာ ခေါင်းစား စရာကောင်း ပါတယ်။ ဘယ်ဟာက အစစ်အမှန်လဲ၊ ဘယ်ဟာ က အပြောင် အပျက်လဲ ဆိုတာလေး တွေကို တိတိကျကျ သိဖို့လိုအပ်ပါတယ်။ ကိုယ့် အသိတွေထဲမှာ အဲဒီလိုဝက်ဘ် ဆိုက်မျိုး အသုံးပြုသူတွေရှိရင်လည်း မေးမြန်း သင့်ပါတယ်။ နောက်ပြီး အဲဒီ ဝက်ဘ်ဆိုက်နဲ့ ပတ်သက်လို့ သူတို့ ဘယ်လို သဘောထားလဲ ဆိုတာကို ရောပေါ့။ ဒီလိုနဲ့ လူတွေတကယ် လက်သင့် ခံလောက်တဲ့ Dating Site တစ်ခုကို ရှာဖွေရမှာပါ။
(၂) ဓာတ်ပုံ ကောင်းကောင်း ရိုက်ပြီး တင်ထားပါ။
တကယ်တော့ အတည် အခန့် သုံးမယ်လို့ရည်ရွယ် ထားပြီးရင်တော့ ကိုယ့်ရဲ့ Profile ဓာတ်ပုံကိုတင်တဲ့ အခါမှာ သားသား နားနား ရှိတဲ့ပုံကို ထားရှိရမှာပါ။ ဗရုတ်သုတ်ခ ကိုးရိုးကား ယားပုံတွေ တင်ထား ခြင်းက တစ်ဖက် အသုံးပြု သူတွေရဲ့ လေးစားမှုကိုခံရဖို့ မလွယ်ကူပါဘူး။ ဒါပေမဲ့ အရှိထက် အရမ်းချော၊ အရမ်းလှ နေတာမျိုး တော့လည်း မလုပ်ပါနဲ့။ အဓိက ကတော့ တည်ကြည် နေတဲ့ကိုယ့်ရဲ့ ရုပ်မှန်ကို တင်ထားနိုင်ရမှာ ဖြစ်ပါတယ်။ ဓားသွားထက် စကားသွားကပိုပြီး ထက်တာကို လက်ခံ တယ်ဆိုရင် ကိုယ် ပြောမယ့် စကားအခွန်း (၁၀ဝ၀) ထက် ကိုယ့်ရဲ့ တည်ကြည်တဲ့ ရုပ်ခံက ပိုအ ရေးကြီးတယ်ဆိုတာကို မမေ့ပါနဲ့။
(၃) အခမဲ့သုံးစွဲခွင့်ကို ဖြည့်ယူပါ။
Dating Site ကောင်းကောင်း တွေက အခကြေး ငွေပေးပြီး အသုံးပြု ရတာ မှန်ပေမယ့် သူတို့မှာအခမဲ့ပေး သုံးတဲ့အချိန် ကာလ အတိုင်း အတာတွေ ရှိသလို၊ Feature တွေလည်းရှိပါ တယ်။ အဲဒါကို သေသေ ချာချာလေ့ လာပြီးမှ ဘယ်လိုအချိန်မှာ အခကြေး ငွေပေးရ မယ်။ ဘယ်အထိ တော့မပေး ရသေးဘူး။ အဲဒီလို အခကြေးငွေမပေး ရသေးခင်ကာလမှာ အသုံးပြု လိုက် ရတဲ့ အခွင့်အရေးက ဘာလို့အဖြေ ပေးသွားလဲဆိုရင် ဒီ Dating Site မှာဘယ်လိုလူတွေရှိတယ်၊ ဆက် ပြီးသုံးသင့်၊ မသုံးသင့်စတာ တွေကို လည်း စဉ်းစားနိုင်မှာ ပဲဖြစ်ပါတယ်။
(၄) ကိုယ်နဲ့ Profile နဲ့ ပတ်သက်ပြီး ရိုးသားမှုရှိပါ။
ဒီကမ္ဘာ လောကမှာ အပင်ပန်း ဆုံးသူဟာ ဟန်ဆောင် နေရတဲ့ သူပဲလို့ ဆိုတဲ့ စာအုပ်ကြီးထဲက အမှန်တရား သွန်သင်ချက် တစ်ခုကို ပြန်သတိရသင့် ပါတယ်။ Profile စာမျက်နှာ မှာလည်း မှန်ကန်တဲ့ သတင်း အချက် အလက် ကိုသာ ထည့်သွင်းရမှာပါ။ ကိုယ်ဟာ ဘယ်လိုလူဆိုတာကို အမှန်အတိုင်း မြင်နိုင်တဲ့သူကို ရှာဖွေနိုင်ဖို့ကြိုးစားပါ။
(၅) ပေးသင့်တယ်ထင်ရင်တော့ အခပေးပြီး သုံးစွဲပါတော့။
ခုနကပြောတဲ့ အတိုင်း ကိုယ့် စိတ်ကြိုက် အခမဲ့သုံးစွဲပြီးတဲ့အခါ ဒီ Dating Site နဲ့ပတ်သက်ပြီး ဆက်သုံး သင့်၊ မသုံးသင့်ကို ဆုံးဖြတ် နိုင်ပါလိမ့် မယ်။ အဲဒီအခါပိုပြီးပြည့်စုံတဲ့ Feature တွေ အသုံးပြု လို့ရမှာဖြစ်သလို ကိုယ့်ရဲ့ဘဝကြင် ဖော်ကောင်း ကိုလည်း သိက္ခာရှိရှိ ရှာဖွေနိုင်မှာပါ။
(၆) ကိုယ့်ရဲ့ သတင်းအချက်အလက်ကိုတော့ ကာကွယ်ပါ။
Dating Site အသုံးပြုသူမှ မဟုတ်ပါဘူး။ ဘယ်သူတွေမဆို အွန် လိုင်းအသုံးပြုသူတိုင်း ကိုယ်ရဲ့သတင်း အချက် အလက်တွေ ကာကွယ် ဖို့တော့ လိုအပ်ပါတယ်။ ဒါက အရေးကြီးဆုံး ပါပဲ။ ကိုယ်နဲ့ တကယ် ရင်းနှီးမှု မရှိသေး တဲ့လူ တစ်ယောက်ဆီ ကိုယ့်ရဲ့ဖုန်းနံ ပါတ်၊ လိပ်စာ၊ အီးမေးလ် လိပ်စာနဲ့ နာမည် အပြည့်အစုံကို ပေးပို့မိခြင်းဟာ တစ်ခါတစ်ရံမှာ ကြီးမားတဲ့ ပြဿနာ တွေ ကိုကြုံတွေ့ရစေပါတယ်။
(၇) အဆက်အသွယ်လုပ်ပြီတော့လဲ အချိန်ဖြန်းမနေပါနဲ့။
အချိန်ဆိုတာ လူတစ်ယောက် အတွက် ရွှေဆိုရင် အချိန်ဖြုန်းတဲ့ အလုပ် ဟာ ဘယ်နေရာမှာ မှမလုပ်သင့် ပါဘူး။ ဒီလိုပါပဲ။ Dating Site တစ်ခုကို အ သုံးပြုတာ အချိန်ရလာတဲ့အခါ ကိုယ် နဲ့ အဆင် ပြေတဲ့ သူကို စတင် တွေ့ရှိပြီ ဆိုရင် အချိန်ဖြုန်း ပြီးဖုန်းတွေ၊ အီး မေးလ်တွေနဲ့ အဆက်အသွယ်ရက်၊ လချီပြီးလုပ်နေ တာဟာ တကယ်တော့ မလုပ် သင့်တာကို လုပ်နေတာပါပဲ။ အဲ ဒါကြောင့် ကိုယ့်ရဲ့ တိုက်ရိုက် ပတ်သက် ရမယ့်သူဟာ ဘယ်လိုလူစားမျိုးလဲလို့ အပြင်မှာ လေ့လာပြီး အကဲ ခတ်တာက ပိုသင့်တော်ပါတယ်။
(၈)အေးဆေးပြီး လုံခြုံမှုရှိတဲ့နေရာ ကိုချိန်းပါ။
တကယ်လို့ကိုယ်နဲ့အဆင်ပြေ တဲ့သူတစ်ယောက်ကို Dating Site မှာရှာဖွေနိုင်ခဲ့လို့ အတိုင်း အတာ တစ်ခု ထိ အွန်လိုင်းပေါ်မှာ ရင်းနှီးပြီး လို့အပြင် မှာ တွေ့ကြ တယ်ဆိုရင် နံပါတ်(၁) အနေနဲ့ လုံခြုံမှုရှိတဲ့ နေရာမှာချိန်းကြတာ အကောင်း ဆုံးပါ။ နောက်နံပါတ်(၂) က ကလေး ကစားကွင်းလို၊ တိရစ္ဆာန်ရုံ လိုနေရာမျိုး ကို မချိန်းပါနဲ့။ ဆူညံနေလို့ စကား အေးအေး ဆေးဆေး ပြောနိုင် မှာမဟုတ်ပါဘူး။ အကောင်း ဆုံးက တော့ ချစ်သူတွေ အတွက် ကဗျာဆန်တဲ့ ကော်ဖီဆိုင် လေးတွေပါပဲ။
(၉)ပါးပါးနပ်နပ်စကားပြောပါ။
တစ်စုံ တစ်ယောက် အကြောင်း ကိုဘာမှမ သိသေးဘဲနဲ့ ကိုယ်ဖြစ်တာ တွေ ကိုဇွတ်ပြော တတ်တဲ့အကျင့်တွေ ရှိတယ် ဆိုရင်ရှောင်ပါ။ ဒါဟာဘဝကြင် ဖော်ရွေးချယ် ရာမှာ သာမက မိတ်ဆွေ အစစ်အမှန် ရှာဖွေရာ မှာလည်း ဆူး ညှောင့် ခလုတ်တစ်ခုဖြစ် နေလို့ပါပဲ။ အဲဒါကြောင့် ကိုယ်ချိန်းတဲ့ သူကိုတွေ့ပြီ ဆိုရင်သူဟာ ဘယ်လိုလူလဲ ဆိုတာကို သိအောင် ပထမကြိုး စားလိုက်ပါ။
(၁၀) အဆင်မပြေရင် ပြတ်သားပြပါ။
အဲဒီလို ဆွေးနွေး ကြတဲ့အခါမှာ ကိုယ့်အတွက် အဆင်ပြေတဲ့သူ မဟုတ်ဘူး ဆိုတာကို သိရင်ပြတ်ပြတ် သားသား လုပ်လိုက်ပါ။ ရိုင်းစိုင်းဖို့ပြော တာမဟုတ်ဘဲ ကိုယ့်သဘော ကိုသူသိ အောင် လုပ် လိုက်ရုံပါ။ အားမနာပါနဲ့။ အဆင်ပြေတယ် ဆိုရင်တော့ ပြောစရာ မလိုတော့ဘူး ပေါ့နော်။

1 comment:

အဖြူရောင်နတ်သမီး said...

အဲဒီနည်းနဲ့ အွန်လိုင်းမှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး ကျမတို့ဆိုင်မှာ မင်္ဂလာဧည့်ခံပွဲလုပ်သွားတဲ့ မောင်နှံကို တွေ့ခဲ့ဖူးတယ်...