Pages

Tuesday 14 June 2011

စင်ကာပူ နိုင်ငံမှ အလုပ်ခေါ်စာများတွင် မြန်မာ ဘာသာ ဖြင့် ပူးတွဲ ဖော်ပြ တော့မည်.

စင်ကာပူ နိုင်ငံမှ အလုပ်ခေါ်စာများတွင် မြန်မာ ဘာသာ ဖြင့် ပူးတွဲ ဖော်ပြ တော့မည်
        စင်္ကာပူနိုင်ငံမှ အလုပ်ခေါ်စာများ တွင် အင်္ဂလိပ် ဘာသာဖြင့်သာမက မြန်မာ ဘာသာဖြင့် ပူးတွဲ ဖော်ပြ တော့မည်ဖြစ် ကြောင်း ပြည်ပအလုပ်အကိုင်အသိုင်းအ၀ိုင်း က ပြောသည်။
ယခင်က စင်ကာပူနိုင်ငံ အလုပ် ခေါ်စာများတွင် အလုပ်သမား၏ အကျိုး ခံစားခွင့်၊ ရပိုင်ခွင့်များ နှင့်ပတ်သက်၍ အင်္ဂ လိပ် ဘာသာဖြင့်သာ ဖော်ပြခဲ့သော် လည်း စင်ကာပူ အလုပ်သမားဝန်ကြီးဌာန(MOM) မှ ယခုနှစ် နှစ်လယ်ပိုင်းမှ စ၍ အလုပ်သမား ခေါ်ယူသည့် နိုင်ငံ၏မူရင်း ဘာသာဖြင့်လည်း ဖော်ပြ ရမည်ဟူ၍ ပါရှိကြောင်း ဆိပ်ကမ်းသာ လမ်းရှိ ပြည်ပ အလုပ်အကိုင်အေဂျင်စီ တစ်ခု မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
“မြန်မာဘာသာနဲ့သာမကဘူး။ ဥပမာ နီပေါလ် အလုပ်သမားခေါ်မယ် ဆိုရင်လည်း
 နီပေါလ်ဘာသာ နဲ့ဖော်ပြထားမယ်။ အလုပ် သမားက အဲဒါကိုကြည့်ပြီး ဒီအလုပ် ကိုကြိုက် မကြိုက်ကြည့် လို့ရတယ်”ဟု ၎င်းကပြော သည်။
ယင်း အစီအစဉ်မှာ အလုပ်သမားများ အတွက် ကောင်းမွန်သော အစီအစဉ်တစ်ခု ဖြစ်ပြီး အလုပ်သမား ၏ အကျိုး ခံစားခွင့်၊ ရပိုင်ခွင့်များအား ရှင်းလင်း လွယ်ကူစွာ နား လည်နိုင် မည်ဖြစ်သည်။ အေဂျင်စီ များ၏ မမှန် မကန်ပြုလုပ်မှုမှ လည်း ကင်းဝေး စေနိုင် မည်ဖြစ်ကြောင်း ရွှေပင်လယ်ပြည်ပ အလုပ် အကိုင် အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲဒီမှာ အေးဂျင့် Fees ၀န်ဆောင် ခကိုပါဖော်ပြရမယ် လို့ ညွှန်ကြားထားတယ်။ တစ်ပိုင်းက ဘာဖြစ်နိုင် မလဲဆိုတော့ အလုပ် သမားတွေ ကိုလည်း  စိစစ် နိုင်တယ်။ အရည် အချင်းကိုလည်း တင်းကျပ် နိုင်သလို အလုပ် သမားတွေ အတွက်လည်း အခွင့်အရေး ပိုရ တယ်”ဟု အဆိုပါတာဝန်ရှိသူက ဆက်ပြော သည်။
လတ်တလော တွင် စင်ကာပူနိုင်ငံ သို့ အလုပ်သွားရောက်လုပ်ကိုင်မှု လျော့ကျ လျက် ရှိပြီး သွားရောက်သူ အများစုမှာ ဘာသာ စကားကြောင့် အခက်အခဲအများဆုံး ကြုံ တွေ့ရကြောင်း ပြည်ပ အလုပ်အကိုင်အေ ဂျင်စီအသိုင်း အ၀ိုင်းက ပြောသည်။
စင်ကာပူနိုင်ငံ တွင် အစားအသောက် စရိတ် အနည်းငယ်ကြီးမြင့်လာမှု၊ မြန်မာငွေ ကြေးနှင့် လဲလှယ် ရာတွင် အနည်းငယ် ကျ ဆင်းလာမှု စသည့် အခြေအနေများ ကြောင့် စင်ကာပူသို့ သွားရောက်လုပ်ကိုင် လိုသူ နည်း ပါးလာကြောင်း ပြည်ပ အလုပ်အကိုင် အ သိုင်းအ၀ိုင်းက ပြောသည်။
စင်ကာပူ နိုင်ငံတွင် မြန်မာ၊ နီပေါလ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ယာဉ်မောင်း လိုင် စင်ဖြေဆိုရာ တွင်လည်း မိခင်ဘာသာ ဖြင့် ဖြေဆို နိုင်ကြောင်း၊ မြန်မာ လုပ်သားများအ တွက် အဆင့် သုံးဆင့် သတ်မှတ်ထားပြီး ပထမ အဆင့်နှင့် ဒုတိယအဆင့်တွင် မြန်မာ ဘာသာဖြင့် ဖြေဆိုနိုင်သော်လည်း နောက် ဆုံး အဆင့်တွင် အင်္ဂလိပ် ဘာသာဖြင့် ဖြေဆို ရကြောင်း စင်ကာပူ နိုင်ငံတွင် အလုပ်လုပ် ကိုင် လျက်ရှိသော မြန်မာ လုပ်သားများက ပြောသည်။
“ဒီလိုမျိုး လုပ်မယ်ဆိုရင်တော့ ကောင်း တာပေါ့။ အများစုက အင်္ဂလိပ် ဘာသာကို ကျွမ်းကျွမ်း ကျင်ကျင် မရှိတာကြောင့် ဖြစ် လာတဲ့ပြဿနာ တွေက အများကြီးပဲ။ ဒီမှာ အသုံးများတာက အင်္ဂလိပ်စာနဲ့ တရုတ်စာ ပေါ့။ တချို့က အလုပ်ခေါ်စာ IPA (In Principal Approval) ကို သေသေချာချာ နားမလည်တော့ အလိမ်ခံရတာ တွေများတယ်” ဟု စင်ကာပူ နိုင်ငံတွင်အလုပ် သွားရောက် လုပ် ကိုင် လျက်ရှိသည့် ကိုထွန်းလင်း အောင် က အွန်လိုင်း ကတစ်ဆင့်ပြောသည်။
ဇော်မင်းနိုင်
                                                                           Ref; The Myarmar Time

No comments: