Pages

Monday 28 May 2012

ကချင်ပြည်နယ်မှာ ဒီနှစ်အတွင်း လူတိုင်းရယူနိုင်တဲ့အခွင့်အရေး

ကချင်ပြည်နယ်မှာ ဒီနှစ်အတွင်း လူတိုင်းရယူနိုင်တဲ့အခွင့်အရေး

Mon, May 28, 2012


““ပျော်ဖို့ကောင်းသလား မမေးပါနဲ့ ဆွေမျိုးမေ့အောင် ပျော်ဖို့ကောင်း””ဆိုတဲ့ ထီးဆိုင်ရဲ့ သီချင်းစာသားကို ““ဆော်လို့ ကောင်းသားလားမမေးပါနဲ့””လို့တောင် စကားလုံးပြောင်းဆိုရတော့မယ်ထင်သည်။ နေ့နေ့ညည တ၀ုန်းဝုန်း၊ တဂျိမ်းဂျိမ်းသံ တွေ အရပ်လေးမျက်နှာကနေကြားနေရ တာမို့ပါ။ နွေဦးကာလရဲ့ ကချင်ပြည်နယ် တောင်ပြာတန်းတွေ၊ လျှိုမြောင်ကမ်းပါး တွေမှာ မင်းလွင်မြူခိုးတွေ အုံ့ဆိုင်းနေရ မယ့်အစား၊ အပြင်းစား ယမ်းငွေ့တွေ ဖုံးလွှမ်းနေခဲ့တာဆယ်စုနှစ်ငါးခုလောက် ရှိခဲ့ရာက ယနေ့ဆိုရင် ဇာတ်ရှိန်အမြင့်ဆုံး အခန်းရောက်နေပါပြီ။
ကချင်ပြည်နယ်  သားတွေအဖို့မှာတော့ အမြောက်သံ၊ ဗုံး သံ၊ သေနတ်သံတွေဟာ၊ သင်္ကြန်ဆိုရေ ပက်၊ သီတင်းကျွတ်ဆို မီးထွန်းပွဲ ကျင်းပ ကြသလိုပဲ အထူးအဆန်းမဖြစ်ကြတော့ ပါဘူး။ ကြားနေကျ ရိုးနေပြီလေ။
ဘာသာအသီးသီးကို ယုံကြည်သူ တွေ မနက်စောစောအရုဏ်ဦးမှာမင်္ဂလာ ယူ၊ ဘုရားရှိခိုး၊ မေတ္တာပို့ ဆုတောင်းနေ ကြချိန် နှစ်ဘက်စစ်တပ်တွေ ပစ်နေလိုက် ကြတာ တဂျိမ်းဂျိမ်းပါပဲ။ သမားရိုးကျ မောင်းပြန် ရိုင်ဖယ်ကျည်တစ်တောင့်ဟာ ၂၀၀ ခန့်ရှိပြီး နောက်ဆုံးပေါ်လက်နက် ဆန်း၊ လက်နက်ကြီး ကျည်တစ်လုံးဆိုရင် ၁၀ သိန်း၊ ၁၅ သိန်းထက်မက တန်ဖိုး ကြီးပါတယ်။ နှစ်ပေါင်းများစွာ အပြန် အ လှန်ပစ်ခတ်နေကြတဲ့ တိုက်ပွဲ ကုန်ကျစ ရိတ်ငွေတွေကိုသာ၊ အတိအကျတွက် ချက်မှတ်တမ်းတင်နိုင်ခဲ့မယ်ဆိုရင် ၁ ပေ ထုမက ၅၀၀၀ တန်ငွေစက္ကူအပုံတန်း ကြီးနဲ့ မြန်မာပြည်နယ်စပ် အရပ်ရှစ်မျက် နှာကို ခြံစည်းရိုးကာနိုင်မယ်ထင်တာပဲ။ တစ်ယောက်နဲ့တစ်ယောက်၊ ရန်ငြိုးရန်စ ရှိခဲ့ကြတာလည်းမဟုတ်၊မြင်လည်းမမြင်ဖူး ကြတာလည်းမဟုတ်၊နှစ်ဖက်စစ်သားတွေ ဟာ ဘာကြောင့် ပတ်ခတ်၊ သတ်ဖြတ် နေကြတာလဲ စာရေးသူနားမလည်ပါ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ် ခတ်နေကြတာလို့ မမြင်ပါဘူး။ ငွေထုပ် ကြီးတွေနဲ့ အပြန်အလှန်ပစ်ပေါက်နေကြ တယ်လို့သာ မြင်မိပါတယ်။ အဲ့ဒီလိုပဲ နားလည်လက်ခံပါတယ်။ လက်နက်အ မျိုးအစားတွေပေါ် မူတည်ပြီးငွေတန်ဖိုး ကွာပါလိမ့်မည်။ နောက်ဆုံးပေါ်လက် နက် ဆန်းဖြစ်လေလေ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေထဲက လျော့သွားလေလေပါ ပဲ။ အဓိပ္ပာယ်မဲ့ အလဟဿ ဖြုန်းတီး ပစ်နေလိုက်ကြတာနော်။ အလျှံပယ်ပေါ ပြီး အလကားရတဲ့ရေနဲ့ ထည့်ပစ်ကြပါ လားလို့တောင် ကလေးတွေး တွေးမိပါ သေးသည်။ လက်နက်တီထွင်ထုတ်လုပ် ရောင်းချနေကြတဲ့ နိုင်ငံတွေအတွက် မြန် မာပြည်ကြီးဟာ စစ်လက်နက်စမ်းသပ် ကွင်း၊ လူသတ်ကွင်းကြီး ဖြစ်မှန်းမသိဖြစ် နေခဲ့တာကြာပါပြီ။ စစ်လက်နက် ရောင်း ချသူတွေအတွက်တော့ စီးပွားရေးတွေ၊ လူနေမှုအဆင့်အတန်းတွေ အံ့မခန်းတိုး တက်သွားကြသလောက် မြန်မာပြည် သားတွေခမျာမှာတော့ စစ်ဘေးဒဏ် သင့်ပြီး ကုန်းကောက်စရာမရှိ၊ မွဲတေကုန် ကြတာ ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံကြီးဟာ တိုင်းတစ်ပါးသားတွေအတွက်ငွေတွင်းကြီး ပါပဲ။ မြေပေါ် မြေအောက်၊ ရေပေါ် ရေ အောက်သဘာဝသယံဇာတတွေကလည်း ပေါကြွယ်ဝလွန်းပါတယ်။ ယာလည်း ညက်၊ ကြက်လည်းပန်းအဖြစ်မျိုးနဲ့ မကြုံရအောင် မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံး အသိတရားနဲ့ သတိထားဆင်ခြင်ဖို့ အချိန် တန်ပါပြီ။ နယ်စွန်နယ်ဖျားက တိုင်းရင်း သားတွေခံစားနေရတာကိုလည်း လူသား ချင်း ကိုယ်ချင်းစာနာ သနားဖို့သင့်ပါပြီ။
ဒီလိုအဓိပ္ပာယ်မဲ့ ဖြုန်းတီးပစ်လိုက် ကြတဲ့ငွေတွေကို တိုင်းပြည်တည်ဆောက် ရေး၊ ဒေသဖွံ့ဖြိုးရေးတွေမှာသာ အသုံးချ နိုင်ခဲ့ကြမယ်ဆိုရင် ဘယ်လောက်ကောင်း လိမ့်မလဲ။ စစ်ပွဲတွေရှိတဲ့ နိုင်ငံနဲ့ မရှိတဲ့ နိုင်ငံတွေရဲ့  ဖွံ့ဖြိုးတိုးတက်မှု နဲ့ လူနေမှုအဆင့်အတန်းတို့ကိုယှဉ်ကြည့် ရင် သိနိုင်ပါတယ်။
နောက်ဆုံးပေါ်ခေတ်မီ ဆေးရုံသုံး ပစ္စည်းတွေနဲ့ ကျန်းမာရေး ဌာနမှာအသုံး ချခဲ့ရင်၊ ပညာရေး ကဏ္ဍတွေမှာပုံအော အသုံးချခဲ့မယ်ဆိုရင် လမ်းတံတားဖောက် ဆောက်လုပ်ရေးတွေမှာသာ အမှန်အ ကန်အသုံးချခဲ့မယ်ဆိုရင် ဒီမိုကရေစီလမ်း ပေါ် စမ်းတ၀ါးဝါးလျှောက်လှမ်းကြမယ့် အစား အပြန်အလှန် ယုံကြည်လေးစား မှု၊ အသိအမှတ်ပြုမှုတွေနဲ့ တိုင်းရင်းသား အားလုံးအတူတကွ လက်တွဲပြီး ထာဝရ ငြိမ်းချမ်းရေးလမ်းပေါ် ညီညီညွတ်ညွတ်နဲ့ ရဲရဲကြီးလျှောက်လှမ်းသွားကြမယ်ဆိုရင် မကြာခင်ကာလအတွင်း ကမ္ဘာ့ဖွံ့ဖြိုးတိုး တက်မှု အရှိဆုံးနိုင်ငံ စာရင်းဝင်သွားမှာ သေချာပါသည်။ ယုံကြည်ပါသည်။ နွံနစ် ပတ္တမြားကို ရေဆေးပြီး ပုံဖော်သွေးလိုက် သလို ၀င်းလက်တောက်ပသွားမှာမြေကြီး လက်ခတ်မလွဲပါ။
တိုက်ပွဲတစ်ပွဲရဲ့ ကုန်ကျစရိတ်ကို စာဖတ်သူများ(မှန်းဆ)တွက်ကြည့်ကြရင် သိပါလိမ့်မည်။ တစ်ချိန်တုန်းက မြန်မာ ပြည်အနှံ့အပြား တောင်ကုန်းတစ်ခုကို တပ်စခန်းတစ်ခုလောက်ကို လူ၊ လက် နက် အင်အားအများကြီး အသုံးပြုပြီး တိုက်သူတွေကို တိုက်ကြ၊ ခုခံသူတွေက ခုခံကြနဲ့ သေလိုက်ကြရတာ သောက် သောက်လဲ။ ဖခင်မဲ့သားသမီးတွေ၊ လင် သေမုဆိုးမတွေ၊ သားပျောက်မိခင်တွေနဲ့ ကျိုးကန်းပြတ်လပ်သွားကြသူတွေ မရေ မတွက်နိုင်ကြပါဘူး။ သူသေ၊ ကိုယ်သေ၊ ကျိုးကန်း ပြတ်လပ်ခဲ့ကြတာတွေပဲ အဖတ်တင်တယ်။ ရေရှည်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ကြတာ လည်းမဟုတ်။ စစ်ရေးအသာစီးရဖို့အရေး ပေးဆပ်ခဲ့ရတာတွေ တရားသဘောနဲ့ ဆင်ခြင်ကြည့်နိုင်ရင်ဘာမှအဓိပ္ပာယ်မရှိပါ ဘူးဗျာ။ ဤဆောင်းပါးသည် စစ်ဝေဖန် ရေးဆောင်းပါးမဟုတ်ပါ။ စစ်အကြောင်း၊ စနစ်အကြောင်း နကန်းတစ်လုံးမှ နား မလည်တဲ့ ကချင်ပြည်နယ်သား စာရေး သူတစ်ယောက်ရဲ့ ခံစားချက်အမြင်ပါ။ ဖြစ်စေချင်တဲ့ ဆန္ဒတွေများလွန်းတော့ ရေးတာတွေလည်း တောင်ရောက် မြောက်ရောက်ဖြစ်ကုန်ပါပြီ။ စစ်ဆိုတာ ရဲ့ ဆိုးဝါးလွန်းလှတဲ့ အနိဋ္ဌာရုံတွေနဲ့ ခေတ်စနစ်ကြီးကို စစ်အာဏာရှင်၊ စစ်ဘု ရင်ကြီးတွေကို မဝေဖန်မပြောရဲပါဘူး။ မရေးရဲပါဘူး။ ၂၀၁၂-၁၃ စာသင်နှစ်အ တွက် ဗန်းမော်မံစီ၊ မိုးမောက်၊ ရွှေကူ ရှိ ဒုက္ခသည် စခန်းများကို အခြေခံပြီး ပညာ ရေး၊ ကဏ္ဍအတွက် မြင်တွေ့ကြားသိခဲ့ရ သမျှနဲ့ ဖြစ်စေချင်တာလေးတွေ၊ ဖြစ်သင့် တာလေးတွေကို ရေးသားဖော်ပြခြင်းသာ ဖြစ်ပါသည်။ ယာယီ စစ်ပြေးဒုက္ခသည် လေးတွေကို ရေးသားဖော်ပြခြင်းသာဖြစ် ပါသည်။ ယာယီစစ်ပြေးဒုက္ခသည်စခန်း၊ အရေးပေါ် ယာယီစခန်းဆိုတာကိုခေတ္တ၊ ခဏလို့သာ ထင်မှတ်ခဲ့တယ်။ ဘာလိုလို နဲ့ ဇွန်လ(၉)ရက်ဆိုရင် တစ်နှစ်တောင် ပြည့်ခဲ့ပါပေါ့လား။
တောတောင်တွေထဲ လှည့်ပတ်ပုန်း ရှောင်နေဆဲ ပြည်သူတွေ၊ ဒုက္ခသည် စခန်းအသီးသီးကို ရောက်လာကြသူတွေ ထဲမှာ ကျောင်းသား၊ ကျောင်းသူတွေအ များကြီးပါပဲ။ တချို့နေရာမှာ ကျောင်း မရှိတော့ပါ။ ဆရာမရှိတော့ပါ။ တချို့ နေရာမှာတော့ ပြိုပျက်နေတဲ့ အစုတ်ပ လုပ် ကျောင်းဆောင်တွေနဲ့ ကျိုးပျက်နေ တဲ့ ခုံတွေရှိပေမယ့် စာသင်ကြားပေးမယ့် ဆရာမရှိပါ။
မြို့ပြနဲ့နီးတဲ့ တချို့ဒုက္ခသည်စခန်း တွေဆိုရင် စာသင်ကျောင်းဆိုတာကို မြင် ခွင့်ရသည်။ တချို့စခန်းတွေကျတော့ စာသင်ကျောင်းဝင်းအတွင်းမှာ ဆောက် ထားတာမှန်ပေမယ့် ကျောင်းဆောင်ကို အသုံးပြုခွင့်မရကြပါဘူး။ မြင်သာမြင် မကြင်ရတဲ့ဘ၀ပါ။ အလွန်အသည်းနာဖို့ ကောင်းပါသည်။ (ဥပမာပြောရရင် ဗန်း မော်မြို့ပေါ်ရှိ အကြီးဆုံး၊ လူဦးရေအများ ဆုံးရောဘတ်နှစ်ခြ ဒုက္ခသည်စခန်းမှာ (မတ်၊ ဧပြီ၊ မေ)နွေရာသီ ၃ လသင်တန်း ပေးရာမှာ စာသင်ဆောင်မရှိ။ ဆရာမ ပြည့်စုံတဲ့အတွက် စာသင်ပေးတယ်ဆိုပြီး အ ဖြစ်သဘောသာ စီစဉ်ခဲ့ကြတာကို မြင် တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါသည်။ တောင်ပေါ်ကကျောင်းတွေမှာသင်ထောက် ကူပစ္စည်းကမရှိ၊ ကျွမ်းကျင်တဲ့ဆရာက မရှိဘဲ စာသင်ကြားခဲ့ရတဲ့ ကလေးတွေ အတွက် စာသင်ဆောင်၊ စာသင်ခုံမပြည့် မစုံ၊ ဆရာအခက်အခဲတွေနဲ့ ၃လသင် တန်းပေးတယ်ဆိုတာ ဘာသွားတက်မှာ မို့လဲ။ရတဲ့ဆရာကလည်းရှိလိုက်၊မရှိလိုက်။ ဘာမှမတတ်ခဲ့တဲ့ ကလေးတွေကို သုံးလ မပြည့်တပြည့် ကာလလေးမှာ ဥုံဖွ ဆိုပြီး မန်းမှုတ်လိုက်လို့တတ်လာနိုင်မှာတဲ့လား။ အသိ၊ အမြင်၊ အတွေးအခေါ်အားနည်း နိမ့်ကျတဲ့ ဒေသကရောက်လာကြသူတွေ ပါ။ တာဝန်ရှိသူတွေရဲ့ ပံ့ပိုးမှု၊ အားပေး ကူညီမှုတွေ အများကြီးလျော့ရဲ အား နည်းတာမြင်တွေ့ခဲ့ရပါသည်။ နွေရာသီ ကျောင်းပိတ်ထားရက်မှာ စာသင်ခန်း၊ စာသင်ခုံတွေ အသုံးပြုခွင့်ပေးခဲ့ရင် သိပ် ကောင်းမှာပါပဲ။ စာသင်ကျောင်းဝင်းထဲ မှာ  နေရပြီး ကျောင်းခန်းထဲစာသင်ခွင့် မရကြတဲ့ ကလေးတွေဟာ ဖောင်စီးရင်း ရေငတ်လို့ပဲ ပြောရမလား။ ကုသိုလ်ကံ ဆိုးလွန်းလှပါသည်။ ကျောင်းဆောင်တွေ သာ အသုံးပြုခွင့်ရခဲ့မယ်ဆိုရင် အလှူ ရှင်တစ်ဦးလှူတဲ့၅၃သိန်း  ကုန်ကျတယ် ဆိုတဲ့ စာသင်ခုံမရှိသော စာ သင်ဆောင် ကုန်ကျငွေကို တခြားကိစ္စ တွေမှာ ကောင်းစွာအသုံးချနိုင်မှာလို့တွေး မိပါသည်။ အစိုးရကျောင်းက စာသင် ဆောင်နဲ့ စာသင်ခုံတွေအသုံးပြုလို့ ပျက် စီးဆုံးရှုံးခဲ့ရင် ဒုက္ခသည်စခန်းတာဝန်ခံ၊ ပညာရေးတာဝန်ခံ တို့မှ ပြန်လည်ပြုပြင် ပေးလျော်ပါမည်ဟု ကတိဝန်ခံချက်မျိုး လက်မှတ်ထိုးခိုင်း၊ အာမခံခိုင်း၊ ကြီးကြပ် တာဝန်ယူခိုင်းရင်ကော မဖြစ်နိုင်ဘူးလား ဆိုပြီး မဆီမဆိုင်တွေးကြည့် စဉ်းစားမိပါ သေးသည်။
လူသားချင်း ကိုယ်ချင်းစာနာစိတ်၊ သနားစိတ်၊ ပေးကမ်းစွန့်ကြဲလိုစိတ်ရှိ တယ်ဆိုပြီး လျှာအရိုးမရှိတိုင်း ပြောတတ် ကြသလို တကယ်ပဲ အဲဒီစိတ်မျိုး မွေးမြူ ကျင့်သုံးခဲ့ကြရင် ကမ္ဘာကြီးဟာ လှပနေ မှာပဲ။ အရမ်းကို ကောင်းမှာပါပဲ။ မိမိတာ ၀န်ရှိစဉ်မှာ အားလုံးကို အကျိုးရှိစေနိုင် ပြီး၊ ဘယ်သူ့ကိုမှ မထိခိုက်၊ မနစ်နာစေ တဲ့ ခွင့်ပြုချက်ကို ပေးခွင့်ရ၊ မရတော့ မသိပါ။ တကယ်လို့များ ပေးနိုင်ခဲ့မယ်ဆို ရင် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ပါပဲ။မိမိအိတ်ကပ်ထဲကတစ်ပြားတစ်ချပ်မှ မကုန်လိုက်ရဘဲ ရမယ့်ကုသိုလ်၊ ပညာ ဟုတ်သလို ဒီတသက် နောက်တစ်ကြိမ် ပြန်ပြီး ကြုံလာစရာမရှိ၊ မရနိုင်တော့တဲ့ အခွင့်အရေးကြီးပါ။
မိမိကို နိုင်ငံတော်က ပေးအပ်ထား တဲ့ ဌာန၊ ရာထူး၊ နေရာဆိုတာ ဘိုးဘွား ရဲ့အမွေမဟုတ်ပါဘူး။ နိုင်ငံ့တာဝန်ထမ်း ဆောင်ဖို့ ပြည်သူကို အလုပ်အကျွေးပြု ဖို့ ခေတ္တနားခိုရာနေရာသာ ဖြစ်ပါသည်။ အမြဲတမ်း ထာဝရ နေရာမဟုတ်ကြောင်း နှလုံးသွင်းထားပြီး တာဝန်ရှိသူများအချင်း ချင်းသူငယ်တန်းမှ စတုတ္တတန်းအထိ ဗလာစာအုပ် ၆အုပ်စီကိုလည်းကောင်း ထုတ်ပေးရန် ပညာရေးဝန်ကြီးဌာနမှ အ တည်ပြုပြီးကြောင်း၊ မိဘဆရာ အသင်း ကြေး ၅၀၀၊ အားကစား+စာကြည့်တိုက် ကြေး+စာရေးကိရိယာကြေး ၅၀၀ သာ ကောက်မည်ဖြစ်ပြီး ကျောင်းလခအဖြစ် ၅တန်း ၅၀၀၊ ၆တန်း ၆၀၀ ၇ တန်း ၇၀၀၊ ဆိုပြီး တစ်တန်းကြီးတိုင်း ၁၀၀တိုးပြီး ကောက်ခံသွားမည်ဖြစ်ကြောင်း ကြားသိ ရပါသည်။(ကြုံတုန်းကျောင်းမှအကောက် အခံနှင့် ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်မီး ထွန်းပွဲအတွက်၊ တန်ဆောင်တိုင်အတွက် ခေါင်းစဉ် အမျိုးမျိုးပြပြီး ကောက်ခံတာ မျိုး၊ ခရစ်စမတ်အတွက်ဆိုပြီး ကောက်ခံ တာမျိုးတွေမဖြစ်သင့်တော့ပါ။ မိမိကိုး ကွယ် ယုံကြည်မှုအရ လုပ်ဆောင်တာ  မကန့်ကွက်ပါ။ အပြစ်မပြောပါ။ မိမိတို့ အုပ်စုနဲ့ မိမိတို့ ဦးဆောင်လုပ်သင့်ပါ သည်။ တခြားဘာသာဝင်ကျောင်းသား/ ကျောင်းသူ အလှူရှင်တွေ စေတနာအ လျှောက်ထည့်ချင်ထည့်ပါ။ လက်ခံပါ။ တခြားဘာသာဝင်တွေကို ထည့်နိုင်၊ မ ထည့်နိုင်ဇွတ်အတင်းခွဲတမ်းချထည့်ခိုင်း တာမျိုး မလုပ်သင့်ပါ။ ပိုငွေတွေရှိမှာပဲ။ ဆရာတွေက စာရင်းကိုင်တော့ ဘယ် ကျောင်းသားက ဆရာ့ဆီက စာရင်းသွား ကြည့်၊ သွားစစ်ရဲမှာတဲ့လဲ)။
ပညာရေးဌာနမှလည်းကောင်း၊ NGO အဖွဲ့အစည်းတွေမှ လည်းကောင်း၊ စေတနာအလှူရှင်တွေမှ လည်းကောင်း၊ ဘာအတွက်ညာအတွက်ဆိုပြီး ထောက် ပံ့၊ ကူညီလှူဒါန်းတာမျိုးတွေကို အခမဲ့ ဖြန့်ဝေပေးကြရင် ကောင်းပါမည်။ လမ်း ပန်းဆက်သွယ်ရေး၊ ခရီးအကွာအဝေးကို မူတည်ပြီး သယ်ယူစရိတ်၊ စားစရိတ်တွေ ၂၀၀၀မျိုး၊ ၃၀၀၀ မျိုးကောက်ခံတာ မျိုး၊ တစ်ချိန်ကကြားခဲ့ဖူးပါသည်။ အလှူခံ ရှိမှသာ လှူလို့ရတာ၊ လှူခွင့်ရကြတာပါ။ အလှူရှင်တွေရဲ့ စိတ်၊ စေတနာကို ဖြတ် စား၊ လဒ်စား လုပ်တာမျိုးတွေမလုပ်ကြ ဖို့လဲ လိုပါသည်။
ပြည်သူတွေက  ဒီပွဲ၊ ဒီပြဇာတ်ကို မကြည့်ချင်ကြတော့ပါ။ ဇာတ်သိမ်းခန်း မရောက်နိုင်တဲ့ တစ်ထောင့်တစ်ည ပုံပြင် ဇာတ်မျောကြီးကို အမြန်အဆုံးသတ်ကြဖို့ တစ်ခန်းရပ်ပြီး ကန့်လန့်ကာချလိုက်ကြဖို့ လိုအပ်နေပါပြီ။ မင်းသားမင်းသမီးညား မှ ကြိုက်တဲ့ ဇာတ်သိမ်းခန်း၊ မညားဘဲ တစ်ယောက်ယောက်သေမှကြိုက်တဲ့ဇာတ် သိမ်းခန်း၊ ဘယ်လိုဇာတ်သိမ်းခန်းပဲဖြစ်ပါ စေ ဇာတ်သိမ်းဖို့၊ ရပ်ကြဖို့ အချိန်တန်ပါ ပြီ။ ဇာတ်ကလည်း နာလွန်းပါပြီ။ ကြည့် လို့မကောင်းတော့သလိုဒီခေတ်မှာဒီဇာတ် ထုတ်ကိုမကြိုက်ကြတော့ပါ။ လွှတ်တော် ဇာတ်ရုံထဲသွားပြီး ပုံစံတစ်မျိုးနဲ့ ဒီမိုကရေ စီဇာတ်ထုပ်ကိုကပြရင်လူတိုင်းဝမ်းမြောက် ၀မ်းသာအားပေးကြပါမည်။ လွယ်နေ တာကိုခက်အောင် မလုပ်ကြပါနှင့်တော့၊ မြေဇာပင်တွေရဲ့ ဘ၀ဟာ အင်မတန်မှ ခါးသီးလွန်းပါတယ်ဗျာ။
တိုက်ခိုက်နေကြသောနှစ်ဘက်စလုံး မှ အကြီးအကဲခေါင်းဆောင်တွေ၊ တိုင်း ဒေသကြီး၊ ပြည်နယ်တွေက တာဝန်ရှိသူ တွေ၊ ငွေရှင်ကြေးရှင်တွေရဲ့ သားသမီး တွေက ကောင်းပေ့ဆိုတဲ့ နိုင်ငံရပ်ခြား တက္ကသိုလ်ကြီးတွေ၊ ကောလိပ်နဲ့ နာမည် ကြီးကျောင်းတွေမှာ စိတ်အေးချမ်းသာ စွာ သက်သောင့်သက်သာ ပညာသင် ကြားနေချိန်၊ ဒရိုင်ဘာမောင်းပို့တဲ့ နောက် ဆုံးပေါ်ဇိမ်ခံကားပေါ် ငြိမ့်ငြိမ့်လေးထိုင် လိုက်ပြီး နာမည်ကြီး ကျူရှင်တွေ၊ ၀ိုင်း တွေ အအေးခန်းတွေထဲမှာ တစ်နေရာ ပြီးတစ်နေရာ လှည့်ပြီး မပူပင်မကြောင့် မကျ စာသင်ကြားနေချိန်မှာ စစ်ပြေး ဒုက္ခသည် ကျောင်းနေရွယ်လေးများရဲ့ အနာဂတ်မပြောနဲ့ လက်ရှိဘ၀လေးဟာ အင်မတန် ၀မ်းနည်းကြေကွဲဖို့ ကောင်းလှ ပါသည်။ စွန့်ပစ်ခံ သီးခြားကမ္ဘာတစ်ခုထဲ ပို့ထားလိုက်သလို ဒုက္ခသည်စခန်းရှိ ဒုက္ခ သည်တွေကို အမှိုက်တွေလို့ သဘော ထားပြီး လှည့်မကြည့်ကြတော့တာမျိုး လား။ မသိနိုင်တော့ပါ။ သင်္ချိုင်းကုန်းက အုတ်ဂူကို တစ်နှစ်တစ်ခေါက်သွားပြီး အမွှေးတိုင်ထွန်း ဆုတောင်းပေးကြသလို လာရောက်ကြတာမျိုးသာမြင်ရပါသည်။ ဘာမှ မပါရင်နေပါစေ မကြာခဏလာ ရောက်ကူညီကြည့်ရှုအားပေးကြရင် သိပ် ကောင်းပါမည်။
စာသင်ဆောင်၊ စာရေးခုံတွေမပြော နဲ့ဦး၊ နေ့စဉ်နဲ့အမျှ အမိုးအကာ မလုံခြုံ ခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်း၊ စား ချင်သောက်ချင်တာ မစားရခြင်း၊ ခန်းမ ဆောင်ကြီးတွေထဲမှာ မိသားစုတွေ ကျပ် သိပ်စွာနေရခြင်း၊ မိလ္လာပြဿနာ၊ ရေပြ ဿနာတွေလာမြင်လှည့်စေချင်ပါသည်။ တကယ်ဖြစ်နေတာပါ။ အိပ်မက်မဟုတ် ပါဘူး။
တချို့စခန်းတွေမှာတော့ ၈ပေခွဲ၊ ၉ပေပတ်လည်၊ အခန်းကျဉ်းလေးတွေ ကန့်ထားပေးတာတွေရှိပါတယ်။ အမိုးက နိမ့်နိမ့်၊ ၀င်ပေါက်တပေါက်ထဲ ပြတင်း ပေါက်မပါ၊ အလုံပိတ် ပြွတ်သိပ်စွာနေရ သည်။ အိပ်ကြရသည်။ ရှိတဲ့မြေနေရာ တွေမှာ အလှူရှင်တချို့ရဲ့ စေတနာနဲ့ အဆောင်အခန်းလေးတွေက ဆောက် ထားပေးတာကိုပဲ ကျေးဇူးတင်ကြရပါ သည်။ အရိပ်အာဝါသကမရှိ၊ မြေနေရာ ကျဉ်းကျဉ်းပေါ်က အခန်းလေးတွေထဲ ကြပ်ကြပ်တည်းတည်းနဲ့ဘယ်လိုငိုနေကြ ရတယ်ဆိုတာလာကြည့်လှည့် မြင်လှည့် စေချင်ပါသည်။ နေပူရင်သွားစရာ၊ ပုန်းစရာနေရာ ကိုမရှိပါ။ ရှားရှားပါးပါး တချို့တချို့သော လူကြီးတွေ ရောက် လာခဲ့ရင်လည်းရုံးခန်း၊ ဧည့်ခန်းမှာသာ စကားပြော၊ ပေးစရာ၊ လှူစရာ ပေးလှူသွားကြတာချည်းပဲ။ ရံဖန်ရံခါ အချိန်ပေးပြီး လာရောက်လေ့ လာစေချင်သည်။ ဆိုးဝါး၊ ချို့တဲ့ ပါတယ် လို့ ပြောတာထက်ကို ဆိုးပါသည်။လူကြီး တွေဆိုတာ လုပ်ငန်း၊ တာဝန်တွေများသ လို၊ ကိုယ်ရေးကိုယ်တာ ကိစ္စများစွာရှိ တာကိုလည်း သဘောပေါက်ပါသည်။ စိတ်ကရောက်ပေမယ့်၊ လူကမရောက် တာကိုလည်း နားလည်ပါသည်။ စာရေး သူတစ်ယောက်ရဲ့ အတွေးတိမ်တိမ်လေး နဲ့ ပြောခြင်းဖြစ်ပါသည်။ ပစ်ထားတဲ့ အ ခြေအနေ လုံးဝမတူနိုင်ဘူးဟု ထင်မိ သည်။ ကွာခြားမှု၊ ထူးခြားမှုတော့အနည်း နှင့်အများရှိလာမှာပါ။
ပြီးတော့ ပြောလိုက်ချင်သေးသည်။ တချို့သော ဒုက္ခသည်စခန်းတွေထဲက တချို့ဒုက်္ခသည်တွေဟာ စခန်းတာဝန်ရှိ သူတွေကို ကူညီပေးနေသူတွေကို အဆိုး မြင်၊အပြစ်ပြောတတ်ကြတာလည်းရှိသည်။ ပြဿနာရှာတတ်သူ၊ အရစ်ရှည်တတ်သူ တွေလည်းပါတတ်တာကိုး။ ဒုက္ခသည် စခန်းတွေဟာ များသောအားဖြင့် ခရစ် ယာန် ဘာသာရေးကျောင်းဝင်းတွေ မှာဖြစ်ပြီး၊ အကျိုးပြု၊ ကူညီပေးနေကြသူ လူကြီး၊ လူငယ်တွေဟာလဲ အခမဲ့၊ ဘာသာရေး အမှုတော်ထမ်းနေကြသူတွေပါ။ (တချို့ ကိုတော့ လစာပေးထားသည်ဟုသိရ သည်။) ရံဖန်ရံခါ အလုပ်များလွန်းရင်၊ ရာသီဥတုပူပြင်းလွန်းရင် စိတ်တို၊ စိတ် ကွက်ပြီး ဒုက္ခသည်တွေကို ငြိုငြင်တာ၊ အော်ငေါက်လွှတ်တာ၊ ဟောက်လွှတ် တာတွေလည်းတွေ့ရပါတယ်။ မေတ္တာနှင့် အခမဲ့လာရောက် ကူညီကြတာဆိုတော့ လည်း အော်ငေါက်လွှတ်တာကိုလလည်း ခံရတော့ မှာပေါ့။ သူတို့တွေ လာရောက်ကူညီ ဆောင်ရွက်ပေးတာကိုပဲ အောင့်သီ အောင့်သက်နဲ့ ကျေးဇူးတင်နေရပါတော့ သည်။
ဒုက္ခသည်တွေအတွက် တခြားရွေး ချယ်စရာလမ်းမရှိပါ။ နေရာလွတ်လေး တွေ၊ ကွင့်းပြင်ဘောလုံးကွင်းတွေမှာ ဆောက်ထားတဲ့ အမိုးနိမ့်၊ ပြတင်းပေါက် မပါ၊ ၀င်ပေါက်ထွက်ပေါက်နဲ့အခန်းကျဉ်း ကျဉ်းလေးတွေထဲမှာ ပန်ကာမရှိပါ။ အဲ ယားကွန်းမရှိပါ။ လူဦးရေကများ၊ လေ၀င် ပေါက်ကမရှိ၊ ကျဉ်းကျဉ်းကျပ်ကျပ်ပြွတ် သိပ်စွာ နေကြရသည်။ ဒုက္ခသည် အ ဆောင်တိုင်းလိုလို ဒီပုံစံဆောက်ထားကြ တာချည်းပဲ။ ပုံစံဆွဲသူနဲ့ ဆောက်လုပ် သူတွေဟာ ဘယ်လိုအတွေးအခေါ်တွက် ကိန်းတွေနဲ့ ဆောက်ခဲ့ကြတာလည်းမသိ။ ကချင်ပြည်နယ် ဆောင်းတွင်းအတွက် တော့ကောင်းပါသည်။ အချိန်၊ နာရီ၊ အကန့်အသတ်နဲ့ မနက်၊ ညနေ စုပေါင်း ချက်ပြုတ်ကြချိန်ရောက်ရင် မီးခိုးတွေ ဟာ ထွက်စရာလမ်းမရှိတော့ အိပ်ခန်း လေးတွေထဲ ပိတ်လှောင်မွန်းကြပ်နေပါ တော့သည်။ နွေဒုက္ခလွန်ပြီးတော့ မိုးရာ သီရောက်ခဲ့ပြန်ရင်လည်း ထင်းတွေ မိုးစိုးရင် ပိုဆိုးပါမည်။ တစ်ပူပေါ်တစ်ပေါ်မက ဆင့် သလို ဖြစ်ရပါမည်။ အဆောင်အခန်းအ တိုင်းကို ပြတင်းပေါက်ဖောက်ပေးဖို့ သင့် ပါသည်။ နေကပူ၊ အမိုးကပူ၊ မြေကပူ၊ အခန်းကကျဉ်း၊ လူကကျပ်၊ အရိပ်အာဝါ သကမရှိ၊ လေကလည်း မတိုက်ဘူးဆို တော့ ပြေးဆရာမြေမရှိတော့ပါ။ ပုန်းစ ရာ နေရာလည်းမရှိတော့ သေမင်းနဲ့သာ တွေ့လိုချင်တော့သည် တဲ့…။
အသက်ကြီးသူတွေ၊ မကျန်းမာသူ တွေ၊ ကလေးငယ်တွေအတွက် လူသား ချင်းစာနာထောက်ထားပြီး စဉ်းစားပေး သင့်ကြပါသည်။ တောင်မင်းကို မြောက် မင်းမကယ်နိုင်ဘ၀နဲ့ မရေရာမသေချာတဲ့ နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက် ကြာ မြင့်ခဲ့ပါပြီ။လွန်မြောက်ခဲ့ကြပါပြီ။ မွန်း ကြပ်ပူလောင်လွန်းလှတဲ့အတွက် အမေနဲ့ ရွာကိုလည်း မလွမ်းနိုင်တော့ပါ။ နေ့စဉ် နဲ့အမျှ အောက်မေ့သတိရနေတဲ့ တောင် ပြာတန်းကြီးတွေကိုလည်းသတိမရနိုင်ကြ တော့ဘူး ဟုထင်ရသည်။ နေ့လယ်နေ့ ခင်းရက်ရက်စက်စက် ပူပြင်းလွန်းလှ သည်။ ည မြန်မြန်မရောက်ဖို့၊ နေမြန်မြန် ၀င်ဖို့ကိုဘဲ ဆုတောင်းနေကြရသည်။ ည ရောက်မှပဲ အနည်းငယ်သက်သောင့် သက်သာ၊ နေသာထိုင်သာရှိတာကိုး။ အရိပ်အာဝါသ ကောင်းပြီး ခြံဝင်းကျယ် ကျယ်၊ အဲယားကွန်း၊ ပန်ကာတပ်ထားတဲ့ မိမိအိမ်မှာ လွတ်လွတ်လပ်လပ်ကြီးနေရ တာတောင် အဆင်မပြေဘူး။ အပူဒဏ် ကို မခံနိုင်ဘူးလို့ ညည်းညူကြသူတွေ ဒုက္ခ သည်စခန်းမှာ (၁၀)မိနစ်ခန့် အတွေး လေးနဲ့ပဲခံစားပြီးနေကြည့် စေချင်မိ သည်။
ကျောင်းနေရွယ် စစ်ပြေးဒုက်္ခသည် တွေအတွက် ကျောင်းမရှိ၊ စာသင်ခန်းမ ရှိ။ စာရေးစာသင်ခုံမရှိပါ။ ဆရာ၊ ဆရာမ လည်းမရှိပါ။ ““ကစားကွင်း၊ အနားယူအပန်း ဖြေနေရာဆိုတာဘာလဲ””ဟုတောင် မေး ကြမည်ထင်သည်။ တောင်ပေါ်က ကျောင်းမှာ ကျောင်းတက်ခဲ့ကြတယ်ဆို တာ အိပ်မက်တစ်ခုလိုလို ပုံပြင်တစ်ခုလိုလို ဖြစ်သွားကြပါပြီ။ လူဦးရေကလည်း တစ်နေ့ ပြီးတစ်နေ့ လျော့သွားတယ်မရှိ၊ တိုးပြီး ရင်းတိုးလာနေဆဲပါ။ မိုး၊ ဆောင်း၊ နွေ သို့ ပြောင်းခဲ့လေပြီ။ သူတို့ဘယ်တော့ပြီး ဆုံးမယ်ဆိုတာကို ၀ါးတားတားနဲ့ ဆက် မတွေးတတ်၊ ကမ်းမမြင်လမ်းမမြင်ဘ၀ ကို မတွေးချင်အောင်ကို ခံစားနေရသူ တွေရှိသည်။
ကျောင်းပြောင်း လက်မှတ်
ယာယီအစီအစဉ်နဲ့ လွန်ခဲ့တဲ့နှစ်က ဖြစ်သလို သင်ကြားခဲ့ကြရသည်။ ဒီနှစ် အတွက်တော့ ဘာမှအစီအစဉ်မရှိသေး၊ ပညာရေးဌာနအနေဖြင့်လည်း သီးခြားအစီ အစဉ်မရှိသေးကြောင်း၊ သက်ဆိုင်ရာမှ  ကျောင်းသားစာရင်းကောက်ခိုင်းတာလောက် ဘဲရှိသေးသည်ဟု သိရသည်။ ဒီနှစ်မှာ တော့ ကျောင်းသားဦးရေ ပိုများလာသ လို၊ အခတ်အခဲပြဿနာတွေလည်း အများ ကြီးတွေ့လာနိုင်ပါသည်။ K-10 နှင့် အပစ်အခက်ရပ်စဲခဲ့ချိန်က K-10 တွဲဖက် ကျောင်းတွေမှ ကျောင်းသား/သူများ၊ အစိုးရအသိအမှတ်ပြု တောင်ပေါ် ကျောင်းတွေက ကျောင်းသား/သူများကို ကျောင်းပြောင်းလက်မှတ်ယူခဲ့ရာမှကျောင်း ၀င်ခွင့်ပြုမယ်ဟုကြားနေရပါသည်။အရမ်း အံ့သြပြီး စိတ်မကောင်းဖြစ်ရပါသည်။ တချို့ကျောင်းတွေက ရနိုင်ပေမယ့် တချို့ ကျောင်းတွေကတော့ ရနိုင်မယ်မထင်ပါ။ ကျောင်းတွေ ပျက်စီးသွားကြသလို၊ဆရာ  တွေလည်း ပြေးကုန်ကြလို့ ဘယ်မှာသွားယူ ရမှာလဲမသိ။ မသွားယူနိုင်သလို၊ သွားလဲ မသွားရဲကြပါ။ ဒီတော့ ဘယ်လိုလုပ်ကြ မလဲ။ စဉ်းစားကြည့်ပေး ကြစေချင်ပါ သည်။
နိုင်ငံရေး၊ စစ်ရေးကို စာရေးသူနား မလည်လို့ မပြောတတ်ပါ။ ပညာရေးမှာ တော့ ပုန်ကန်တာမရှိပါဘူးဟု ပြောနိုင် မယ်ထင်သည်။ ဒီကလေးတွေဟာ အနာ ဂတ်နိုင်ငံတော်အတွက် သားကောင်းရ တနာလေးတွေပါ။ ဘယ်ကျောင်းသားက ဘာဖြစ်လာမယ်ဆိုတာတော့ဘုရားသခင် ပဲ သိနိုင်ပါလိ့မ်မည်။
စာသင်ဆောင် အရမ်းလိုအပ်နေပါ သည်။ ငွေပေးအပ်လိုက်ပြီးဆောက်လှူရုံ သက်သက် မဖြစ်ရလေအောင် အလှူ့ရှင် များအနေဖြင့် လိုအပ်တဲ့နေရာတွေမှာ  အကျိုးရှိအောင် ထိထိရောက်ရောက်ရှိ အောင် လှူတာမျိုးဖြစ်ဖို့ အရင်ဆုံးလေ့ လာစုံစမ်းသင့်ပါသည်။
စာသင်ဆောင်၊ စာသင်ခုံများအပြင် လူနေဆောင်၊ စားဖိုဆောင်၊ အိမ်သာစ သည်ဖြင့် နေရာတိုင်းကို လေ့လာကြည့် ရှုပြီးမှ လှူသင့်တာကိုလှူစေချင်ပါသည်။ အကျိုးရှိပြီး ထိရောက်တဲ့ လှူဒါန်း ကူညီ တာမျိုး ဖြစ်စေချင်လွန်းလို့ပါ။ နွေ၊ မိုး၊ ဆောင်းအတွက် အမိုး၊ အကာလုံခြုံဖို့ လေ၀င်လေထွက်ကောင်းပြီး ပြတင်း ပေါက်တစ်ပေါက်ခန့် ဖောက်ပေးရင် အရမ်းအဆင်ပြေကြပါလိမ့်မည်။ ယခုရှိ ပြီးသား တချို့နေရာက အဆောင်အခန်း လေးတွေတော်တော်များများသည်ဆောင်း တွင်းကာလ အတွက်ပဲ ပိုအဆင်ပြေပါ သည်။
သင်ထောက်ကူပစ္စည်း
စာသင်ခုံများ အထူးလိုအပ်နေပါ သည်။ ကျောင်းဖွင့်တော့မှာမို့ စာအုပ်၊ စာတမ်း၊ Ballpan ခဲတံ၊ ပေတံ၊ ခဲချွန်၊ ခဲဖျက်၊ လွယ်အိတ်၊ ကျောပိုးအိတ်၊ ကျောင်းစိမ်း၊ ဖြူဝတ်စုံ၊ ထီး၊ မိုးကာ၊ ဖိ နပ်စသဖြင့် လိုအပ်နေပါသည်။ပညာရေး ဌာနမှလည်း ဘာတွေရမယ်မသိသေး။ နှုတ် ကတိတွေပေးသွားကြတဲ့ အသင်း၊ အဖွဲ့ တွေလည်းရှိခဲ့ပေမယ့် ယနေ့အထိတော့ ဘာ မှလာပြီး မလှူကြသေးပါ။ ဆောက်ဖြစ် မှ ကျောင်းဒကာပေါ့ဗျာ။
အပို့အကြို
ကျောင်းနဲ့ဝေးပြီးကျောင်းသားဦးရေ နည်းသော ဒုက်္ခသည်စခန်းများအတွက် အနီးဆုံးကျောင်းမှာ ကျောင်းတက်ခွင့်ပေးခဲ့ရင် ကျောင်း တက်ခွင့်ရခဲ့ရင်တောင် စက်ဘီးမရှိ၊ ဆိုင် ကယ်မရှိကြတာမို့ အခက်အခဲတွေရှိလာ ပါလိမ့်မည်။ တာဝန်ရှိသူများနှင့် မော် တော်ယာဉ်အသင်း၊ သုံးဘီးယာဉ်အသင်း တွေက ညှိနှိုင်းပြီး စီစဉ်ပေးရင် ဖြစ်နိုင်ပါ သည်။ လိုင်စင်နဲ့ လိုင်စင်မဲ့ ၃၀၀၊ ၄၀၀ မကရှိတာမို့ ကျောင်းတက်ရမယ့် ရက်နဲ့ တွက်ရင် မနက်ကျောင်းပို့ တစ်စီး၊ ညနေ ကျောင်းပြန်တစ်စီး လုပ်ပေးရင်ကိုဖြစ်နိုင် ပါတယ်။ ခရီးသွားဟန်လွှဲ၊ မသိမသာ လေးကူညီပေးတဲ့ ပညာဒါနလေးဖြစ် သွားမှာပါ။ ပညာဒါန ဖယ်ရီဆိုတာ ဗန်း မော်နယ်မှာ မရှိသေးပါဘူး။
ဆရာ/ဆရာမ
(မတ်၊ ဧပြီ၊ မေ)နွေ ၃လ စာသင် ကြားပေးစဉ်တုန်းက အခဲတွေ အများ ကြီးမြင်တွေ့၊ ကြုံတွေ့ခဲ့ရပါသည်။
ကျောင်းဖွင့်ချိန် အစိုးရကျောင်းတွေ မှာ ကျောင်းတက်ခွင့် ရကြရင်ကျောင်း ဆောင်ပြဿနာ၊ ဆရာပြဿနာ မရှိနိုင် တော့ပါ။
အကြောင်းကြောင်းကြောင့်ကျောင်း တက်ခွင့်မရကြရင်ဘယ်လိုလုပ်ကြမှာလဲ။ ဒုက်္ခသည်စခန်းအသီးသီးကမိမိတို့အဆင် ပြေအောင် လုပ်ဖို့ အများကြီးအခက်အခဲ ရှိနိုင်ပါတယ်။ လူသူအရောက်အပေါက် နည်းပြီး ရုပ်မပေါက်တဲ့ ဒုက်္ခသည်စခန်း များက ကျောင်းမတက်ရတဲ့ ကလေးများ နှင့် ရောဘတ်ကျောင်းဒုက်္ခသည်စခန်းမှ နွေရာသီစာသင်ပေးခြင်းများကို လေ့လာ ပြီးရေးခြင်းဖြစ်ပါသည်။ စခန်းအသီးသီးရှိ ကလေးများကို အစိုးရကျောင်းတွေမှာ ခွဲတမ်းချပြီး ကျောင်းတက်ခွင့်၊ အတန်း တင်စာမေးပွဲဖြေဆိုခွင့်ပေးကြရင် အရမ်း အဆင်ပြေပါမည်။ ဖယ်ရီလေးပါစီစဉ် ပေးရင်ပို၍ကောင်းသွားမှာပါဗျာ။ သူတို့ တွေဟာ ပျော်လို့လာကြတာမဟုတ်ပါ ဘူး။ ကောင်းကောင်းဆိုးဆိုး ကိုယ့်ရွာ၊ ကိုယ့်ကျောင်းကိုပဲ ပြန်သွားချင်ကြသူ ချည်းပါပဲ။
တာဝန်ရှိသူများအနေဖြင့်ဒုက္ခသည် စခန်းများသို့ ၀တ်ကျေ တန်းကျေတာဝန် ကျေသွားရောက်တာမျိုး သာမာန်ကာ လျှံကာသွားကြည့်တာမျိုး မဟုတ်ဘဲ စိတ် ရင်းစေတနာထက်သန်စွာနဲ့ လိုအပ်တာ တွေ ညွှန်ကြားပေးဖို့၊ ကူညီထောက်ပံ့ပေး ဖို့ လိုအပ်ပါသည်။ မလှူချင်လို့ဖြစ်စေ၊ မကူညီမထောက်ပံ့ချင်လို့ဖြစ်စေ၊ မလှူ နိုင်မထောက်ပံ့နိုင်လို့ ဖြစ်ပါစေ၊ နှုတ်က လေးနဲ့ လေကလေးစိုက်ပြီး သွားရောက် နှစ်သိမ့်စကားပြောပေးခြင်းကလည်းဒုက်္ခ သည်တွေအတွက် တအားပါ။ ၀မ်းသာ  ကြည်နူးမှုရရှိကြမှာ အမှန်ပါပဲ။ ဒီလို အခွင့်အရေးမျိုးဆိုတာက နောက်နောင် ကို ကြုံလာစရာအကြောင်းမရှိတော့ပါ။ ဒီလို ရှားရှားပါးပါးရနိုင်တဲ့ ပီတိအလှူကို ငွေပုံပေးဝယ်လို့ မရနိုင်ပါဘူး။
ယခုမိမိ တာဝန်ယူထားရသော ဌာန၊ ရာထူးနေရာဆိုတာ တစ်သက်လုံးမမြဲ နိုင်ပါ။ အချိန်တန်ပြောင်းရွှေ့သွားရမည်။ ပင်စင်ယူသွားရမည်။တာဝန်ထမ်းဆောင် ရင်းနဲ့လည်း သေဆုံးသွားနိုင်ပါသည်။ အခန့်မသင့်ရင် အလုပ်ဖြုတ်အလုပ်ပြုတ်   သွားနိုင်ပါသည်။ လုပ်ပိုင်ခွင့် မဲ့သွားနိုင်ပါ သည်။ အချိန်တစ်ချိန်မှာ ဒီနေရာကို သေ ချာပေါက်စွန့်လွှတ်သွားရမှာပါ။ အမြဲမှန် တဲ့ ကမ္ဘာ့အမှန်တရားပါ။ ဒါကြောင့် မိမိတာဝန်ရှိစဉ်ကာလ အကြောင်းတိုက် ဆိုင်လို့ ကာယကံမြောက်လှူဒါန်းခြင်း၊ ၀စီကံမြောက်လှူဒါန်းခြင်းတွေ ပြုနိုင်ဖို့ တိုက်တွန်းလိုက်ရခြင်းဖြစ်ပါသည်။ ၀န် ထမ်းမို့ မလှူနိုင်လည်း ကိစ္စမရှိပါ။ ပစ္စည်း လှူတာထက် နှုတ်စကားနဲ့ နှစ်သိမ့်အား ပေးစကားကလည်း ထိရောက်ပါတယ်။
အသစ်တစ်ဖန် ပြန်လည်အင်အား ဖြည့်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးညှိနှိုင်း ရေးအဖွဲ့မှာ ဒု-သမ္မတ ဒေါက်တာစိုင်း မောက်ခမ်း(အဖွဲ့ခေါင်းဆောင်) ပါဝင်ပြီး စေ့စပ်ညှိနှိုင်းရေးတွေ အောင်မြင်မှုရခဲ့ရင် နားလည်မှုတွေရခဲ့ရင် ဒုက္ခသည်တွေကို ကူညီပါရစေ၊ နေကြပါဦးလို့တားထား တောင်မရတော့ပါဘူး။ နေစရာအ ကြောင်းမရှိတော့လို့ မနှေးမမြန်ပြန်သွား ကြမယ့်သူတွေပါ။ အဲ့ဒီအခါမှာ ဒုက်္ခသည် တွေကို မြင်ဖူးတွေ့ဖူးချင်တယ်။ ထောက် ပံ့ကူညီချင်တယ်ဆိုလို့ မရတော့ပါဘူး။ မဖြစ်နိုင်တော့ပါဘူး။ အားလုံးနှုတ်ဆိတ် ထွက်ခွာသွားကြတော့မှာပါ။
ဒါကြောင့် တိုင်းရင်းသား ညီရင်း အစ်ကိုမောင်ရင်းနှမ ဒုက္ခသည်တွေကို ခြောက် သွေ့နေတဲ့ တောင်တန်းတွေဆီ မပြန် ကြသေးခင် “ပညာဒါန”အနေဖြင့် ပါဝင် လှူဒါန်းနိုင်ကြဖို့ အကြံပေးရေးသားလိုက် တာပါ။
ငိုနေသူတွေကို ပြုံးခွင့်ရယ်မောခွင့် ပေးကြပါ။ သူတို့တွေရဲ့ ဘ၀ရည်မှန်း ချက်တွေ မပျောက်ဆုံးပါစေနှင့်။ လွတ် လပ်မှုတေးသံ၊ ငြိမ်းချမ်းမှု တေးသံတွေ မြန်မာပြည်တ၀န်း ပျံ့လွင့်စေလိုပါပြီ။ သီကျူးကြရအောင်ပါ။ ကြိုသူမရှိ၊ မျှော် သူမရှိတဲ့ သူတို့တွေရဲ့ အိမ်အပြန်လမ်းကို မြင်တွေ့လိုလှပါပြီ။
အဓိကထောက်ပံ့ကူညီလှူဒါန်းပေး နေတဲ့ ဖောင်ဒေးရှင်း တချို့နှင့်အဖွဲ့အ စည်းတချို့ ယခုလကုန်ရင် ရံပုံငွေကုန် တော့မည် ဟုစိတ်မကောင်းစွာကြားနေ ပါသည်။ အလှူရှင် (Sponsor) အသစ် မရခင်စပ်ကြား အဆင်ပြေနိုင်ကြပါစေ၊ အလှူရှင် အမြန်ဆုံးပြန်ရပါစေလို့ ဆု တောင်းရင်း။

ဦးဦးငြိမ်း (ဗန်းမော်)

No comments: