Pages

Friday 23 November 2012

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး


ဘင်္ဂါလီကိုအားပေးထောက်ခံ မီဒီယာတစ်ခု ဖြစ်တယ်ဆိုတာကို အရှက်ကင်းမဲ့စွာ ၀န်ခံလိုက်တဲ့ RFA ကို ဘကတအဖွဲ့က ပြင်းထန်စွာရှုံ့ချပါတယ်။ ဘကတအဖွဲ့မှာ RFA က သတင်းဆိုရင် ဘာသတင်းကိုမှ မတင်တော့ပါဘူး။ ဘကတအဖွဲ့ကို အားပေးတဲ့ ပရိသတ်များ၊ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ မြန်မာများအနေနဲ့ RFA ကထုတ်လွှင့်တဲ့ သတင်းနားထောင်ခြင်း၊ RFA website ကို ၀င်ဖတ်ခြင်း များမလုပ်ဘဲ သပိတ်မှောက်ဖို့ တိုက်တွန်းပါတယ်။ facebook မှာ RFA ကို LIKE လုပ်ထားတာတွေကိုပါ unlike ပြန်လုပ်ပေးကြပါ။
အမျိုးသားသစ္စာဖောက် ပြည်ပမီဒီ
ယာတွေကို (အထူးသဖြင့် ဘင်္ဂါလီကိစ္စ အရှက်မရှိ အထူးအလေးပေးလုပ်ဆောင်မယ်ဆိုတဲ့ RFA ကို) ဘကတအဖွဲ့က စကားတစ်လုံးတည်း ပြောစရာရှိပါတယ်။ အဲဒီစကားကတော့
" ထွီ ....."

( RFA ကို သပိတ်မှောက်မဲ့ သူများ ဒီပို့စ်ကို ရှယ်ပေးကြပါခင်ဗျာ။RFA ရဲ့ ရွံစရာစိတ်ဓာတ်ကို မြန်မာတိုင်းသိအောင် လှုံ့ဆော်ပေးကြပါ။ ဘယ် မြန်မာမှ အားမပေးတော့ရင် ဒီသတင်းဌာန ထောက်ပံ့ကြေးမရတော့ဘဲ ပိတ်ရမှာပါ။)
-----------------------------
RFA နဲ့ မြန်မာပိုင်းအစီအစဉ်တို့၏ရိုဟင်ဂျာအရေး အလေးပေးမှုများ

အမေရိကန်ပြည်ရောက် မြန်မာသောတရှင်တဦး ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၂

မိုးမခ၀ိုင်းတော်သားများသို့

မနေ့က သင်တို့ဝက်ဆိုက်မှာ RFA facebook ပြန်လည်ပတ်နေပြီလို့ သတင်းပို့ထားပါတယ်။ RFA မြန်မာဝက်ဆိုက်က နိုဝင်ဘာ လဆန်းကတည်းက ဖေ့စ်ဘွတ်ပေါ်ပြန်တက်နေတာပါ။ နောက်ပြီးတော့ ဖြည့်စွက်ပြီး ပြောချင်တာကတော့ RFA ဟာ မြန်မာပြည်အရေး သတင်းပို့နေတာတင်မဟုတ်ဘဲ ရိုဟင်ဂျာအရေးကိုပါ အထူးအာရုံစိုက် သတင်းပို့နေပြီ ဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြီး ပြောချင်ပါတယ်။

ဒီနှစ်မှာ စတင်ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများနဲ့ ပတ်သက်ပြီး သတင်းပို့ကြရမှာ ပြည်ပအခြေစိုက် မီဒီယာတွေ၊ ရေဒီယို၊ ၀က်ဆိုက်တွေ အားလုံးက ရိုဟင်ဂျာတွေ ဆိုတဲ့ စကားလုံးကို အားစိုက်သုံးစွဲလာကြပါတယ်။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာဆိုတာထက် နယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလီလူမျိုးတွေလို့ သိကြပါတယ်။ ဒီအငြင်းပွားဖွယ်ရာ ဝေါဟာရအသုံးအနှုံးကို ပြည်ပမှာအဓိက အသိအမှတ်ပြုနေတာက စဉ်းစားစရာ တချက်ဆိုတာ အားလုံးသိကြမှာပါ။

အခုတော့ သည် ရိုဟင်ဂျာအရေးဟာ အမေရိကန်က အစိုးရ အထောက်အပံ့ခံ သတင်းဌာနတခုဖြစ်တဲ့ RFA ကိုယ်တိုင်က ဘယ်လောက်ထိ အာရုံစိုက် အရေးတကြီးထားပြီး ဆောင်ရွက်နေတယ်၊ ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းကို သူတို့ရဲ့ BBGဆိုတဲ့ ပြန်ကြားရေးဘုတ်အဖွဲ့ကြီးရဲ့ အစည်းအဝေးမှာ အကျယ်တ၀င့် ရှင်းလင်းတင်ပြခဲ့တာကို သင်တို့ နားထောင်ကြည့်စေလိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ပြုလုပ်ခဲ့တဲ့ BBG ခေါ် Broadcasting Board of Governors (အမေရိကန်အစိုးရအသံလွှင့်နဲ့ ပြန်ကြားရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့) အစည်းအဝေးမှာRFA ဒုတိယအကြီးအကဲ Dan Southerland ဒန်ဆောက်သားလန်က တင်ပြပြောဆို ခဲ့တာဖြစ်ပါတယ်။

သူပြောတာတွေထဲက မှတ်သားဖွယ်အချို့ကို ကောက်နုတ်ပြရမယ် ဆိုရင်တော့ …

RFA မြန်မာဌာနအနေနဲ့ ရိုဟင်ဂျာတွေတွေအတွက် အထူးအလေးပေးဆောင်ရွက်နေသလို ဆက်လက်၍လဲ လုပ်ဆောင်ပေးသွားဦးမှာဖြစ်ကြောင်း

RFA ဟာ voice for voiceless ပြောရေးဆိုခွင့် မရှိသူတွေအတွက် ကိုယ်စားပြု အသံလွင့်ဌာနလို့ဆိုထားတဲ့အတိုင်း ရိုဟင်ဂျာတွေလို ပြောရေးဆိုခွင့်မဲ့နေသူတွေအတွက် ဆက်လက် ရပ်တည် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း

ကမ္ဘာပေါ်မှာလူသိနည်းလှတဲ့ ရိုဟင်ဂျာတွေအကြောင်းကို RFA အနေနဲ့ အထူး အလေးထား လုပ်ဆောင်ပေးခဲ့ကြောင်း

ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတွေမှာလည်း RFA အနေနဲ့ အထူးအလေးထား လုပ်ဆောင်ပေးခဲ့တဲ့အကြောင်း အထက်လူကြီးတွေကို ပြောဆိုခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ RFA အနေနဲ့ ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာကို ကမ္ဘာကသိအောင် သီးသန့်ဝက်ဆိုဒ် တစ်ခု ဖွင့်လှစ်ပြီး အင်္ဂလိပ်လိုပါ ဖြ့န်ချိပေးနေတာကိုလည်း အထူးတလည် အစည်းအဝေးမှာ တင်ပြသွားခဲ့ ပါတယ်။

http://www.rfa.org/english/news/special/rohingyas/home.html

နောက်ထပ်သိရတာက မြန်မာပြည်သူတွေနဲ့ ရဟန်းသံဃာတွေကသာ ခွင့်ပြုမယ်ဆိုရင် RFAက ရိုဟင်ဂျာ ဘာသာစကားနဲ့ ရေဒီယို ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒီစာကို ဖတ်ပြီးတော့ သင်တို့နဲ့ သင်တို့စာဖတ်သူတွေက ထုံးစံအတိုင်း ဝေဖန်ပြစ်တင်တာတွေ၊ ကန့်ကွက် ရှုတ်ချတာတွေ၊ ချီးမွမ်းထောက်ခံတာတွေ အမျိုးမျိုး ပြန်လည် တုံ့ပြန်ကြမယ်ဆိုတာ တွေးမိလို့ရပါတယ်။ အမျိုးမျိုးအဖုံဖုံ ထင်မြင်ချက်၊ စွပ်စွဲချက်တွေ ထုတ်ကြ၊ ပြောကြမယ်ဆိုတာလည်း မှန်းကြည့်လို့ရပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ၊ လူတွေက အခုလို ဘင်္ဂါလီလူမျိုးစုတွေရဲ့ အရေးအခင်းကို တင်ပြဆွေးနွေးလာကြရင် နောက်ကွယ်ကကြိုးကိုင်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ ရှိလို့ပေါ့လို့ တွေးထင်နိုင်သော်လည်း၊ အစိုးရနဲ့ ပြည်သူ့အခွန်တွေနဲ့ လည်ပတ်နေတဲ့ အစိုးရအထောက်အပံ့ခံ RFA မြန်မာပိုင်းက ဘင်္ဂလီအရေးကို အလေးပေးလာတာဟာ ငွေကြေးနဲ့တော့ မသက်ဆိုင်ဘူးလို့တော့ မှတ်ချက်ပြုနိုင်ပါတယ်နော်။ ဒါကတော့ အမေရိကန်အစိုးရနဲ့ လွှတ်တော်တို့ရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အကယ်၍များ မြန်မာပြည်က အခြားအရေးတွေထက် ရိုဟင်ဂျာဆိုသူတွေအရေးသာ ရှေ့တန်းရောက်လာမယ်ဆိုရင် သူတို့သတင်းလုပ်ငန်းဟာ အစိုးရအထောက်အပံ့ခံတွေထဲမှာ ရှေ့ပြေးတဲ့ဌာနပဲဆိုပြီး မျက်နှာလုပ်နေတယ်လို့ပဲ အကြမ်းအားဖြင့် ပြောချင်ပါတယ်။

အချို့သောစာဖတ်သူတွေက အထူးသဖြင့် ပုတ်ခတ်ပြောဆိုလေ့ရှိတဲ့စကား ရှိတယ်မဟုတ်လား။ ပြည်ပမှာ grant တွေ proposal တွေနဲ့ လုပ်စားဖို့ ခက်လာပြီ၊ ပြည်တွင်းထဲ ၀င်မှပဲ ဖြစ်တော့မယ် ဆိုပြီးတော့ ဖေ့စ်ဘွတ်တွေမှာ ပြောကြ လက်ညိုးထိုးကြလေ့ ရှိတယ် မဟုတ်လား။ သည်လိုပါပဲ သူများဆီက အထောက်အပံ့နဲ့ လည်ပတ်ရတဲ့ လုပ်ငန်းတွေဆိုတာ အလှူရှင်တွေ မျက်စိကျတဲ့၊ မျက်မှောက်အရေးနဲ့လိုက်ပြီး ပေါ်တဲ့ အရေးအခင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး သူတို့အကြိုက် ကြိုတင်ပြင်ဆင် လုပ်ကိုင်နိုင်မှ စားသာမယ် မဟုတ်လား။

ဒါက အသက်မွေးဝမ်းကြောင်းအတွက် အလုအယက် ရှာဖွေစားသောက်နေကြရတဲ့ အမဲလိုက်ခေတ်ကြီးထဲက အခန်းတခုပါပဲဗျာ။

မူရင်း တင်ဆက်ထားတဲ့ ဗီဒီယိုမှတ်တမ်းကို သည်နေရာမှာ ကြည့်နိုင်တယ်။ တိုတိုနဲ့ အဲသည်အခန်းကိုပဲ ကြည့်ချင်ရင်တော့ ယူကျုမှာ ဖြတ်ထားပြီးသား ၁၀ မိနစ်စာခန့်ကို ကြည့်နိုင်ပါတယ်။

(http://www.bbg.gov/event/bbg-board-meeting-october-11-12-2012/ထဲမှာ The video of the meeting can now be viewed at:Windows Media Broadband On Demand Link ဆိုတာကို သွားနှိပ်လိုက်ရင် ၁း၂၀ နာရီ လောက်မှာ Dan Southerland ကရှင်းပြနေတာ တွေ့နိုင်ပါတယ်။)

http://moemaka.com/

No comments: