Pages

Wednesday 24 April 2013

မြန်မာ စစ်သား တစ်ယောက်ဖြစ်ဖို့ သင်ကိုယ်တိုင် အဆင်သင့် ဖြစ်ပါရဲ့လား


မြန်မာ စစ်သား တစ်ယောက်ဖြစ်ဖို့ သင်ကိုယ်တိုင် အဆင်သင့် ဖြစ်ပါရဲ့လား

ဒီမေးခွန်းကို လွန်ခဲ့သည့် ၂ နှစ်ကျော်ကာလက မေးခဲ့လျှင်တော့ အခြေအနေက တစ်မျိုးဖြစ်ပေလိမ့်မည်။ သို့ သော် ယနေ့တပ်မတော်ကို လူဟောင်းများက ဦးဆောင်နေခြင်း မဟုတ်တော့။ ခိုင်မာသည့် စည်းကမ်း စည်းမျဉ်းများဖြင့် အသစ်အသစ်သော ခေါင်းဆောင်များက ပြောင်းလဲ အုပ်ချုပ်နေကြပြီ ဖြစ်သည်။ နိုင်ငံ သား တိုင်း သည် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိပေသည်။ နိုင်ငံတကာမှ အ သက် အရွယ် ပြည့်ပြီး သူတိုင်း စစ်မှုထမ်းဖူးကြသည်။ သို့ပါဆိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်ပြီး အသက်သာ တဖြည်းဖြည်းကြီးလာ ကာ စစ်မှုမထမ်းဖူးသည့် သင့်အတွက် မြန်မာစစ်သား တစ်ယောက်ဖြစ်ဖို့ အဆင် သင့်ဖြစ် ရဲ့လား ဆိုသည့် အမေးကို ဖြေကြည့်ဖို့ လိုအပ်ပေသည်။



စစ်သား တစ်ယောက်ဖြစ်ဖို့ သင်သည် အသက် ၁၈ နှစ်ပြည့်ပြီး ပြည်ထောင်စု နိုင်ငံသား ဖြစ်ရမည် ဖြစ် သည်။ ကလေး စစ်သား ပြဿနာသည် အတိတ်မှာ ကျန်ခဲ့ပြီ ဖြစ်သည်။ တပ်သားစုဆောင်းရေး ကို စနစ် တကျ လေ့ ကျင့်ထားခြင်း မရှိသူများ၏ လုပ်ဆောင်ချက်ကြောင့် ကလေးစစ်သားများ ရှိခဲ့ရသည်။ ယနေ့ အချိန် တွင်တော့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်နေ သည် မို့ အသက် ၁၈ နှစ် မပြည့် သည့် စစ်သား မလိုအပ်တော့။ အဖေက ဒုက္ခသည်၊ အမေက ဒုက္ခသည် ကျွန်တော်လည်း ဒုက္ခသည် ဆိုပါက ဒီစာကို ဆက်မ ဖက်တာက အကောင်းဆုံး ဖြစ်ပေလိမ့်မည် ဖြစ်သည်။

ကျန်းမာသန်စွမ်းရမည်။ နေရာဒေသ မရွေးတာဝန် ထမ်းဆောင်နိုင်ရမည် ဖြစ်သည်။ ကိုယ်လက်အင်္ဂါ အစုံ အလင် ရှိရမည်။ ရာသီမရွေး ကြမ်းတမ်းသော တာဝန်ထမ်းဆောင်ရမည်မို့ ကျန်းမာ သန်စွမ်းဖို့လည်း လို အပ် သည်။ တောင်ပေါ် မြေပြန့် မခွဲခြားဘဲ တာဝန်ပေးရာ နေရာတွင် တာဝန်ထမ်းဆောင်ရမည်မို့ အမေ့ ရင် ခွင်မှ မခွဲ နိုင်သူ ဖြစ်ပါက အဆင်ပြေမည် မဟုတ်ပါ။

အထက်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသား၊ ငါ့ တပ်မတော် အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ တို့ပါဝင်သည့် သစ္စာလေးချက်ကို ဦး ထိပ် ရွက်ရမည် ဖြစ်သည်။ မတရားသော အမိန့်ကို လက်မခံနိုင်ပါဟု သင်စောဒက တက်နိုင်သည်။ သင့် အား ၁၉၅၉ တပ်မတော် အက်ဥပဒေကို သင်ကြားလေ့ကျင့်ပေး မည် ဖြစ်သည်။ ထို ဥပဒေအား ဖတ်ပြီး သည့် အခါ တပ်မ တော်တွင် မတရားသော အမိန့်ဆိုသည်မှာ ဘယ်အရာကို ဆိုလိုသည်နှင့် မည်သို့ ဖြေရှင်း ရမည် ဆိုသည်ကို နားလည်ပါလိမ့်မည်။

ပုဂ္ဂိုလ်ရေး စစ်ဆေးချက်များနှင့် ကျန်းမာရေး စစ်ဆေးချက်များ အောင်မြင်သည့် အခါတွင်တော့ သင်သည် သင် တန်းကျောင်း တစ်ခုခုသို့ တက်ရောက်လေ့ကျင့်ရမည် ဖြစ်သည်။ မနက် ၅ နာရီ အိပ်ရာထကာ ၃ မိုင် အပြေး လေ့ကျင့်ရမည်။ အခြေခံ စစ်ရေးပြနှင့် လက်နက်ငယ်၊ လက်နက်ကြီး ပညာရပ်များကို သင်ကြား ရမည်။ ညနေ တွင် လုပ်အားပေး(သို့မဟုတ်) ကြံ့ခိုင်ရေး ထပ်လုပ်ရမည် ဖြစ်သည်။ စားရေးသောက်ရေး ကေ တာ့ မပူပါနှင့်။ တစ်နေ့ကို ၃၅၈ ကျပ်နှုန်း စားသုံးခွင့် ရလာသည့် သင့်အတွက် ၃၅၈ ကျပ်ဖိုး စားရိပ် သာက ချက်ကျွေးပါလိမ့် မည်။

ရဲဘော်တော့ မလုပ်နိုင်ဘူး။ စစ်ဗိုလ်တော့ လုပ်နိုင်တယ်ဟု ပြောချင်ပြောနိုင်ပါသည်။ ဒါပေမယ့် ရဲဘော် သစ်(၆) လ သင်တန်းတက်ရလျှင် စစ်ဗိုလ်ဖြစ်ဖို့ကတော့ ရဲဘော်သစ်သင်တန်းထက် ပို၍ ထူးခြားမှု မ ရှိသော သင်တန်း ကာလ(၄)နှစ်ကို တက်ရမည် ဖြစ်သည်။ တက်ခွင့်ရဖို့အတွက်ကလည်း ခေါ်သည့်နှစ်တွင် ဆယ် တန်းအောင်မှ၊ ဆယ်တန်းအောင်ပြီးရင်လည်း ၀င်ခွင့်အဆင့်ဆင့်အောင်မှ၊ ၀င်ခွင့်အဆင့်ဆင့် အောင်ပြီး ရင်လည်း (၄)နှစ် ဆို သည့်ကာလကို စွန့်လွှတ်နိုင်မှသာ ဖြစ်မည်ဖြစ် သည်။ အပင်ပန်းခံပြီး တစ်ချိန် တွင် ဗိုလ်ချုပ်ကြီး ဖြစ်ပါက အိုကေ ပြီဟု တွက်ပါကလည်း တွက်နိုင် သည်။ သို့သော် ဒဏ်ရာရ၊ သေ ဆုံး၊ အမှုဖြစ်ပြီးနောက် တပ်မတော်မှ နှုတ် ထွက်ရသည့် အရာရှိများ နှစ်စဉ်ရှိသည့်အထဲ သင်မပါ ဖို့ေ တာ့ လိုပါသည်။

အထက်အောက် အုပ်ချုပ်ပုံများကို လက်မခံနိုင်ဟု သင်ပြောကောင်းပြောနိုင်ပါသည်။ နိုင်ငံတကာ စစ်တပ် များ တွင်လည်း ထိုသို့အုပ်ချုပ်သည်သာ ဖြစ်သည်ကို လေ့လာကြည့်ပါက သင်တွေ့ပါ လိမ့်မည်။ သင်သည် ပညာ အရည်အချင်းရှိသူ၊ အဆင့်ဆင့် စစ်ဆေးချက်များကို အောင်မြင်သူ၊ ၄ နှစ်ကာလကို အပင်ပန်းခံကာ ဖြတ် သန်းနိုင်သူ ဖြစ်ပါက တစ်လလုံးအတွက် လစာ ၁ သိန်းကျော် ရမည်ဖြစ်ပါသည်။ ၄ နှစ်လျှင် တစ် ကြိမ် ၀တ်စုံ စရိတ် ၁ သိန်းရပါသည်။ ယူနီဖောင်း အညံ့စား တစ်စုံလျှင် ၂ သောင်းကျော် ကျသည်မို့ သင့်အ ဆင့်နှင့် တန် အောင် ၀တ်မည်ဆိုပါက စွန်းထင်း၊ပေါက်ပြဲ၊ညစ်ပေ မှုများ မရှိစေရန် လစာထဲက ၀ယ်ရမည် ဖြစ် သည်။ အား ငယ်စရာတော့ မရှိပါ။ သင့်ကို ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်စရိတ်အတွက် လစဉ် ၅၀၀၀ ကျပ်ထောက်ပံ့ကာ တောတောင်ထဲတွင် တာဝန်ထမ်းဆောင်စေရခြင်းကြောင့် အ၀တ်အစား သိပ် လို မည် မဟုတ်ပါ။

တစ်ချိန်တည်းတွင်တော့ သင်တည်ဆောက်မည့် မိသားစု ဘ၀၊ ပျော်ပွဲရွှင်ပွဲများတွင် ပျော်ရွှင်ခွင့်၊ မိဘ ရင်ခွင် သို့ ပြန်လည် အနားယူခွင့်၊ ဘာသာရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်တို့တွင်လည်း အပြင်အရပ်သား တစ် ဦးနှင့် မတူညီသည်များကို တွေ့ရပါအုံးမည်။

မြို့ပေါ်မှ အရာရှိများကို ကြည့်၍ သူတို့လို မနေရဘူးလားဟု မေးနိုင်ပါသည်။ အဆိုပါ အရာရှိ စစ်သည် များကို ကပ်ပြီး မေးကြည့်ပါ။ သူတို့သည် သူတို့တိုင်း၊တပ်မတို့၏ ၁ ရာခိုင်နှုန်း၊ တပ်မတော် ၁ ရပ်လုံး၏ ၁ ရာခိုင်နှုန်း သာ ရှိသည်မို့ သင်လည်း တစ်ချိန်ချိန်တွင် ရောက်နိုင်ပါသည်။ သို့သော် ကံ၊ဥာဏ်နဲ့ ၀ီရိယ တို့ေ တာ့ လိုအပ် ပါ သည်။

တပ်မတော်နေ့တွင် ပြခဲ့သော လက်နက်များကို ကြည့်ပါ။ မြန်မာနိုင်ငံအတွက် စစ်သည်အင်အား တစ်သန်း လို ပါသည်။ ယနေ့တွင် စစ်မှုမထမ်းမနေရ စနစ်ကို ပြဌန်းရအောင် တိကျသည့် သန်းခေါင်စာရင်း မရှိသလို အသေး စိတ်အတွက် ပြင်ဆင်ထားမှုများ မရှိသေးပါ။ ထိုအတွက်ကြောင့် ကမ္ဘာပေါ်တွင် ရှိသည် ကြေးစား တပ် မတော်၊ အမြဲတမ်းတပ်မတော်နှင့် မျိုးချစ် တပ်မတော် ဆိုသည့် တပ်မတော် အမျိုးအစား(၃)မျိုးအနက် မျိုးချစ် တပ်မတော် အဖြစ် စာရင်းဝင်နေဆဲ ဖြစ်ပါသည်။

လစာ ၄ သောင်း၊ ထောက်ပံ့ ၃ သောင်း ၊ စုစုပေါင်း ၇ သောင်းကျော် လစာစားပြီး နိုင်ငံအတွက် အသက် စွန့်ဖို့ သင်အဆင်သင့် ဖြစ်ပါပြီလား။ သင်စဉ်းစားတွေးခေါ်နေချိန်တွင် အကြောင်းအမျိုး မျိုးကြောင့် တပ် မတော် ထဲ ၀င် ရောက် ခဲ့သူများက သင်စဉ်းစားနေသည့် အဆင့်များကို ဖြတ်သန်းခဲ့ကြပြီး ဖြစ်သည်။ ယေ န့ခေ တ်သည် ယခင် ခေတ် မဟုတ်တော့သည်ကိုလည်း ယနေ့တပ်မတော် ဗိုလ်ချုပ် နာမည်(၃) ခုကို သင် မသိသည်က ဖော်ပြ နေပါ သည်။ စဉ်းစားကြည့်ပါ။ မြန်မာ စစ်သားတစ်ယောက်ဖြစ်ဖို့ သင်ကိုယ်တိုင် အဆင် သင့်ဖြစ် ပါရဲ့လား။

No comments: