Pages

Friday 23 November 2012

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး


ဘင်္ဂါလီကိုအားပေးထောက်ခံ မီဒီယာတစ်ခု ဖြစ်တယ်ဆိုတာကို အရှက်ကင်းမဲ့စွာ ၀န်ခံလိုက်တဲ့ RFA ကို ဘကတအဖွဲ့က ပြင်းထန်စွာရှုံ့ချပါတယ်။ ဘကတအဖွဲ့မှာ RFA က သတင်းဆိုရင် ဘာသတင်းကိုမှ မတင်တော့ပါဘူး။ ဘကတအဖွဲ့ကို အားပေးတဲ့ ပရိသတ်များ၊ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ မြန်မာများအနေနဲ့ RFA ကထုတ်လွှင့်တဲ့ သတင်းနားထောင်ခြင်း၊ RFA website ကို ၀င်ဖတ်ခြင်း များမလုပ်ဘဲ သပိတ်မှောက်ဖို့ တိုက်တွန်းပါတယ်။ facebook မှာ RFA ကို LIKE လုပ်ထားတာတွေကိုပါ unlike ပြန်လုပ်ပေးကြပါ။
အမျိုးသားသစ္စာဖောက် ပြည်ပမီဒီ

Saturday 3 November 2012

ကိုရီးယား သင်ခန်းစာ


ကိုရီးယား သင်ခန်းစာ

နိုင်ငံကို တစ်ဟုန်ထိုး ဖွံ့ဖြိုးလာအောင် မျိုးဆက်တစ်ဆက် အတွင်း တွန်းတင် နိုင်ကြောင်း ပြသခဲ့သလို မြန်ဆန်လှသည့် နှုန်းဖြင့် နှစ်ကာလ ရှည်လျားစွာ တိုးတက်ခဲ့သည့် တောင်ကိုရီးယား သည် မြန်မာနိုင်ငံ လေ့လာသင်ယူ သင်ခန်းစာ ရယူသင့်ဆုံး နိုင်ငံများအနက်မှ တစ်နိုင်ငံ ဖြစ်သည်။

၁၉၆ဝ ပြည့်နှစ်က တောင်ကိုရီးယားသည် သာမန်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ သာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မတိမ်းမယိမ်း အခြေအနေ တွင်ရှိသည်။ သို့သော် ထိုနှစ်နောက်ပိုင်း နှစ်များတွင် တောင်ကိုရီးယား သည် ဆက်တိုက် ဆိုသလိုပင် ဖွံ့ဖြိုးတိုးတက်မှု နှုန်း တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းကျော် ဖြင့် နှစ် လေးဆယ်ကျော် အရှိန်မြန်မြန် တိုးတက်ခဲ့ သောကြောင့် မြန်မာနိုင်ငံကို အပြတ်အသတ် နောက်တွင် ချန်ထားခဲ့ ရုံမက ယခင်သူတို့ရှေ့နား ခပ်လှမ်းလှမ်း ရောက်နေခဲ့သည့် အာဂျင် တီးနား ကဲ့သို့ ကြွယ်ဝသည့် နိုင်ငံများကိုပင် ကျော်တက်သွားခဲ့သည်။ တောင်ကိုရီးယား၏ တစ်ဦးချင်း ဝင်ငွေသည် ၁၉၆၁ တွင် အမေရိကန် ပြည်ထောင်စု တစ်ဦးချင်း ဝင်ငွေ၏ ဆယ်ပုံတစ်ပုံခန့် (၁၁ ရာခိုင်နှုန်း) သာရှိရာမှ ၁၉၉၅ တွင် ထက်ဝက်ခန့် (၄၉ ရာခိုင်နှုန်း) သို့ရောက်ရှိသည်။