- 23 Feb 2012 |
အင်တာနက် ဝန်ဆောင်မှု၏ Intital Fee ကို သုည အဆင့်ထိ ဖြစ်အောင် လျှော့ချ ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် Redlink ကုမ္ပဏီ၏ ရည်မှန်းချက်နှင့် ပတ်သက်၍ ဒေါ်ခင်အိအိ က ပြောကြားရာတွင် "Redlink Communications ကုမ္ပဏီအနေဖြင့် ၂၀၁၅ ခုနှစ် အရောက်တွင် အရည်အသွေး အဆင့်မီ တယ်လီကွန်းနှင့် အင်တာ နက်အော်ပရေတာ အဖြစ် ရပ်တည် ဆောင်ရွက်နိုင်ရန် အတွက် ရည်မှန်း ထားပါတယ်။
ဒီရည်မှန်းချက် အရ လူတိုင်း အားလုံး မျှော်လင့် နေကြတဲ့ Zero (သုည)Intital Fee နဲ့ သွားရမှာ ဖြစ်ပါတယ်" ဟု ၂၀၁၅ ခုနှစ် အရောက်တွင် Redlink ကုမ္ပဏီ၏ Mission နှင့်ပတ်သက်၍ Broadband WiMax အင်တာနက် ဝန်ဆောင်မှု စတင်ရောင်းချခြင်း အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ကုမ္ပဏီ၏ ရည်မှန်း ချက်များနှင့်စပ်လျဉ်း၍ ဆက်လက် ပြောကြားရာတွင် ကုမ္ပဏီအနေဖြင့် Broadband ဝန်ဆောင်မှုအသစ်ကို ယခုအခါ ရန်ကုန်တိုင်းဒေသကြီး တွင် စတင် အသုံးပြုနိုင်ရန် အတွက် ဝန်ဆောင်မှုစတင်ပေးအပ်ပြီးဖြစ်ပါ ကြောင်း၊ ၂၀၁၂ ဇန်နဝါရီမှ စတင် စမ်းသပ်ခဲ့ခြင်းဖြစ်ကာ အောင်မြင်မှု ရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ Grand Launch လုပ်ကာ ရောင်းချပေးခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် အရောက်တွင် တိုးချဲ့တပ်ဆင်ထားသော Network အရ Subscribes ဦးရေ ၂ သောင်း အထိကို ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ် ပါကြောင်း၊ ၂၀၁၅ ခုနှစ်အရောက် တွင်တော့ Nation Wide Coverage နဲ့ အားလုံး မျှော်လင့်နေသည့် Zero (သုည) level Intital Fee နဲ့ သုံးနိုင် အောင် ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာ နိုင်ငံတွင် အင်တာနက် အသုံးပြုသူ ဦးရေအားဖြင့် အင်တာနက် Subcribes ပေါင်း ၄ သောင်းခန့်သာ ရှိ သေးကြောင်း လူဦးရေအချိုးအစား ဖြင့် နှိုင်းယှဉ်ပါက 0.8 ရာခိုင်နှုန်းသာ ရှိသေးကြောင်း၊ အင်တာနက် Subscriber ဦးရေ တိုးတက်လာပြီး ကျေးလက်နေ ပြည်သူများအထိ ICT ကဏ္ဍတွင် ထိတွေ့နိုင်ရန် အတွက် နိုင်ငံတော် သမ္မတကြီး လမ်းညွှန်ချက် များဖြင့် အညီ ရတနာပုံ တယ်လီပို့နှင့် Redlink ကုမ္ပဏီတို့မှ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကာ တိုးချဲ့တပ်ဆင် ထားသော Broadband WiMax Service အရ Subscribes ပေါင်း ၂ သောင်းအထိ တိုးတက် လာမှာ ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ CEO ဦးတင်ဝင်းက ပြော ကြားခဲ့ကြောင်း သိရှိရသည်။
Ref; Net Guide
No comments:
Post a Comment