Pages

Thursday 28 April 2011

ယောကျာ်းဆိုတာ . . . .

Saturday, 23 April 2011 10:38


SHADE Journal

၁။ အခြေအနေ ပေးမယ်ဆိုရင် လက်မနှေးကြတဲ့သူတွေ ဖြစ်ပါတယ်။
၂။ လွယ်လွယ်ကူကူနဲ့ ရရှိတဲ့အရာတစ်ခုကို (ဘယ်လောက် တန်ဖိုးရှိပါစေ) တန်ဖိုး မထားတတ်ပါဘူး။
၃။ အဟောင်းကို ရိုးအီလွယ်ပြီး အသစ်အဆန်းကို စိတ်ဝင်စားတတ် ကြပါတယ်။
၎။ ကိုယ်တိုင်ကသာ အိုချင်တိုင်း အိုမယ်၊ လက်ထပ်ရမယ့် သတို့သမီး ကိုတော့ အပျိုစင်မှ လိုချင်ကြပါတယ်။
၅။ အိမ်ထောင်သက် ဘယ်လောက် ရှည်ပါစေ၊ ဇနီးဖြစ်သူရဲ့ရည်းစားဟောင်းတွေနဲ့ ပတ်သက်လာရင် သဝန်တို စိတ်ရှိနေတတ်ကြပါတယ်။
၆။ ကိုယ့်ရည်းစားက လိုက်လျောတာကို အလှူရှင်မှန်း သိအောင် မဏ္ဍပ်တိုင်တက်ချင်တတ်ကြပါတယ်။
၇။ တစ်ယောက်နဲ့ အထက်ရည်းစားတွေကို တစ်ပြိုင်တည်း ထားနိုင်ရင် ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ ထင်တစ်လုံး ရှိတတ်ကြပါတယ်။
၈။ မိန်းကလေးတစ်ယောက်ကိုအညှာလွယ်တယ်လို့မြင်မိရင်အခြား ယောကျာ်းလေးတွေနဲ့ဆိုရင်လည်း ဒီလိုပဲရှိမှာလို့ကောက်ချက်ချတတ် ကြပါတယ်။
၉။ ရည်းစားထားတိုင်း အိမ်ထောင်ပြုဖို့ရည်ရွယ်တာမဟုတ်သလို လက်ထပ်ရေးကိုရှေ့ရေး(ရည်မှန်းချက်)နဲ့နောက်ရေး(ကိုယ့်မိသားစု)တွေ ရဲ့နောက်ဆုံးဦးစားပေးအနေနဲ့စဉ်းစားလေ့ရှိကြပါတယ်။
၁၀။ သူများနဲ့ဖြစ်ပျက်ပြီးသားမိန်းကလေးတစ်ယောက်ကိုလက်ထပ် ယူရတာမျိုးဆိုရင် ကိုယ့်ကိုယ်ကိုကယ်တင်ရှင်ကြီးတစ်ဦး၊ သဘောထား ကြီးသူအဖြစ်ထင်နေတတ်ကြပါတယ်။
ဒီအချက်အားလုံးဟာ ယောကျာ်းအားလုံးအတွက် အမှန်လို့မယူနိုင် ပေမယ့် ယေဘူယျအားဖြင်တော့ ဒီလိုပဲဖြစ်ပါတယ်။ ခေတ်တွေဘယ် လိုပြောင်းပေမယ့် မပြောင်းနိုင်သေးတဲ့အရာတွေလည်း ယနေ့အထိရှိ နေဆဲ။

No comments: