Pages

Saturday 30 April 2011

မလေးရှားလေကြောင်း အထူးအရောင်းမြှင့်တင်ရေးပြုလုပ်

ဇွန်ပန်းပွင့်
အတွဲ ၂၆ ၊ အမှတ် ၅၁၅ (၂၉၊၄ - ၅၊၅ ၊ ၂၀၁၁)
မလေးရှား လေကြောင်းလိုင်းက အာရှ တိုက်၊ ဥရောပတိုက်နှင့် ဩစတြေးလျ ခရီးစဉ်များအား မလေးရှားလေကြောင်း လိုင်းဖြင့် ဈေး သက်သက်သာသာသွား နိုင်ရန် ''Global Deals, Dream Getaway'' အစီအစဉ်ကို ဧပြီလ ၂၅ ရက်နေ့တွင် စတင်လိုက်သည်။
အဆိုပါ အရောင်းမြှင့်တင်ရေးကာလကို ဧပြီလ ၂၅ ရက်နေ့မှ မေလ ၂၄ နေ့အထိ သတ်မှတ်ထားပြီး ခရီးသွားရမည့် ကာလကို ဧပြီလ ၂၅ ရက်မှ ၂၀၁၂ ခုနှစ်၊မတ်လ ၃၁ ရက်အထိ အကျုံးဝင်မည် ဖြစ်ကာ အရောင်းမြှင့်တင်ပွဲကာလ အတွင်း ဘွတ်ကင်လုပ်သူများ အတွက် ၃၅ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးမည် ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မှ အာဆီယံနိုင်ငံများ၊ ရန်ကုန်-ကွာလာလမ်ပူ၊ ရန်ကုန်-မီရီ၊ရန်ကုန်-ကူချင်း၊ ရန်ကုန်-စင်ကာပူနှင့် ရန်ကုန်-ဂျကာတာ အသွား အပြန် economy class လက်မှတ်ကို အမေရိကန် ၁၅၂ ဒေါ်လာဖြင့် ရောင်းချပေးမည်ဖြစ်သည်။
ရန်ကုန်-တောင်ကိုရီးယား ခရီးစဉ် ကို ၃၉၅ ဒေါ်လာဖြင့် လည်းကောင်း၊ ရန်ကုန်-ပါ့ခ် ခရီးစဉ်ကို ၅၀၅ ဒေါ်လာဖြင့်လည်းကောင်း၊ ရန်ကုန်-ဆစ်ဒ်နီ အသွားအပြန်လက်မှတ်ကို ၆၁၆ ဒေါ်လာဖြင့် လည်းကောင်း၊ ရန်ကုန်-လန်ဒန်ကို ၆၉၅ ဒေါ်လာဖြင့် လည်းကောင်း၊ ရန်ကုန်-ဖရန့်ဖတ်နှင့် ရန်ကုန်-ရုမ်း ခရီးစဉ်များကို ၆၃၇ ဒေါ်လာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

No comments: