ကားတိုက်ခံရပြီး နောက် အဆိုတော်ဂျေညီညီရဲ့ ရင်ဖွင့် သံ
by FNG on July 9, 2012
အနုပညာ သမားအဖြစ် ရိုးသားသန့်ရှင်းစွာ ရပ်တည်ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ
ထိခိုက် အနုပညာသမားအဖြစ် ရိုးသား သန့်ရှင်းစွာ ရပ်တည် ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ
ထိခိုက် နစ်နာဆုံးရှုံးမှုများအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဒဏ်ရာ ဒဏ်ချက် ပေါင်းများစွာ
နဲ့ ရောက်ရှိလာ တဲ့ ဂျေညီညီရဲ့ရင်ဖွင့်စကားသံတွေက…
“ပထမဆုံး ကျွန်တော် တောင်းပန်ချင်တာက ဒူးခေါင်းတွေ က ချုပ်ရိုးတွေနဲ့ဖြစ်နေတာကြောင့်
ကြာကြာမတ်တပ်မရပ်နိုင်တော့ပဲ ထိုင်ပြီးပြောရတဲ့အတွက် ခွင့်လွှတ် ပေးပါ။ ၁၀-၅-၂၀၁၂
ခုနှစ်က ကျွန်တော် အင်းစိန်ဘက်ကနေ မြို့ ထဲကို ကားနဲ့လာတယ်။ အဲဒီမှာ မြို့ ထဲဘက်ကနေ
အင်းစိန်ဘက်တက် လာတဲ့ဆယ်ဘီးကားက ဘရိတ် ပေါက်ပြီး ကျွန်တော့်ကိုမျက်နှာချင်း
ဆိုင်တိုက်လိုက်ပါတယ်။