Pages

Monday 4 July 2011

မန္တလေးရောက် ပြည်ကြီးပေါက်

 အနေမဆန်းပြားခဲ့
ခြေလှမ်းမမှားတဲ့
ရွှေမန်းသားအစစ်တွေ
ကျုံးရေကို ပစ်ခွာ
နာရီစင်နဲ့ဝေးကွာ
ခုတော့ ရေကြည်ရာ မြက်နုရာ…။

ဲ့ကိုပေါက် | တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၀ မိနစ်
ခြေအနေမဆန်းပြားခ
လှမ်းမမှားတဲ့
ရွှေမန်းသားအစစ်တွေ
ကျုံးရေကို ပစ်ခွာ
နာရီစင်နဲ့ဝေးကွာ
ခုတော့ ရေကြည်ရာ မြက်နုရာ…။
 ကဗျာဆရာ မြတ်ထက်က သူရဲ့ ‘မြနန္ဒာ ရှာပုံတော်’ ထဲမှာ နန်းမြို့တော်ဟောင်း မန္တလေးကို လွမ်းတသသ၊ တမ်းတကာရယ်နဲ့ ခံစားရေးဖွဲ့ထားတာပါ။ ကိုယ်တိုင်ကလည်း မန္တလေးသားပါပဲ။

မြို့ရွာအစွဲရယ်က မြန်မာတွေကြား အတော်အတန် ကြီးမားလှတဲ့အထဲမှာမှ ရပ်ရွာဒေသ အိမ်ခင်ကြတဲ့ မန္တလေးသားတွေက အကဲပိုတယ်လို့ ဆိုရမလားပင်။
chinanewyear3
မန္တလေးမှာ နှစ်ပေါင်း ၃ဝ ကျော် နေလာတဲ့ လူထုဦးလှကိုတောင်မှ ‘မန္တလေးသား’ လို့ မပြောကြဘဲ ‘ဒေါ်အမာ့
 ယောက်ျား’ လို့ပဲ သာမည လက်ခံထားကြကြောင်း ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကပါ သတိပြုမိခဲ့ပါတယ်။


အဲဒီလို ချက်မြှုပ်ဇာတိကို အမြဲဂုဏ်ယူကြ၊ စွဲလန်းချစ်ခင်ကြပေမယ့် ရေကြည်ရာ မြက်နုရာဆိုတာကလည်း ရှိနေရတုန်းပါ။ ဘာကြောင့်များလဲ စောကြောချင်စရာ။

“မြို့ထဲက တချို့လမ်းထဲက တပြပေါက်မှာ ဗမာအိမ် ၂ အိမ်ပဲ
ထွန်တုံးတို့၊ အောင်သာယာတို့၊ ကန်သာယာတို့၊
 အောင်ပင်လယ်တို့၊ မြရည်နန္ဒာတို့ နောက်ချဲ့တဲ့ မြို့သစ်တွေက ဗမာတွေ နေဖို့ ချဲ့ပေးသလို
 ဖြစ်နေတာ 
ကျန်တော့တယ်တို့ဘာတို့ပေါ့။ ထွန်တုံးတို့၊ အောင်သာယာတို့၊ ကန်သာယာတို့၊ အောင်ပင်လယ်တို့၊ မြရည်နန္ဒာတို့ နောက်ချဲ့
တဲ့ မြို့သစ်တွေက ဗမာတွေ နေဖို့ ချဲ့ပေးသလို ဖြစ်နေတာ” လို့ မန္တလေးက စာရေးဆရာတဦးလည်း မဇ္ဈိမကို ပြောပါတယ်။

မူဆယ်၊ နမ့်ခမ်း၊ လားရှိုးလမ်းတွေကနေ စီးပွားရေး အချက်အချာကျရာ မန္တလေးဆီ ကူးပြောင်းလာပြီး၊ စီးပွားရေးအရ အင်အားသာ အသာစီးရနေပြီး အိမ်ကောင်းခြံကောင်း၊ နေရာကောင်းတွေ ပိုင်ဆိုင်နေတာလည်း မမြင်ချင်အဆုံး
 မြင်နေရတာပါ။

အိမ်ခြံပွဲစားတွေကို ပွဲခအပြင် အပိုကြေး မြိုးမြိုးမျက်မျက်လေး အပိုဆောင်းပေးလို့ လူမျိုးခြားတွေကိုမှ ရှာဖွေ
 ရောင်းချချင်သူကလည်း အများသား။ အခုနောက်ပိုင်းဆို ဆင်ခြေဖုံးတွေအထိပါ ဈေးကစားမှုတွေက ချဲ့ထွင်လာပါပြီ။ အရင်တုန်းက ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလောက် ဈေးတန်ခဲ့တာတွေ အခုများဆို ထောင်ပိုင်းတွေ၊
 ထောင်ကြီးပိုင်းတွေထိ ခေါ်ပြီးတော့ အရောင်းသွက်၊ အဝယ်လိုက် ဖြစ်နေတာပါ။ အရင်နှစ်ထဲ သိန်း ၂ ထောင်
 ဈေးပေါက်ရာက ဒီနှစ်မှာ ၄ ထောင့် ၅ ရာနဲ့ ပေးချေမယ့်သူက မရှား။ အပိုဆောင်းပေးဖို့ကလည်း မခဲယဉ်း။
 drogronchinanewyear1
ဒီလို ဝယ်နိုင်ခြမ်းနိုင်တာဟာ ဖောင်းပွနေတဲ့ မြန်မာကျပ်ငွေကို ယွမ်နဲ့ လဲလှယ်ပြီး တရုတ်ပြည်ကြီးမှာ သူဋ္ဌေးလေး
 ဖြစ်ရာမှ မြန်မာပြည်ထဲကျ သူဋ္ဌေးကြီး ဖြစ်လာကြပါတယ်။

“ဒီဘက်ပိုင်းမှာတော့ သူတို့ အလုံးအခဲနဲ့ ရောက်လာကြတယ်။ ဗမာတွေကလည်း အမွေတွေခွဲကြ၊ အိမ်တွေ
 ရောင်းကြနဲ့ သူတို့က ဝယ်ကြတာ။ လာကတည်းကိုက အထုပ်နဲ့အထည်နဲ့ လာကြတာကိုး” ဟု လင်းလက် စာအုပ်တိုက် ပိုင်ရှင် ဦးတင်အောင်မိုးက ဆိုပါတယ်။

တကယ်တော့ မန္တလေးမှာ ဟိုအရင်ခေတ်တွေကတည်းက တရုတ်လူမျိုးတွေ ဝင်ရောက်အခြေချခဲ့တာ ကြာခဲ့ပါပြီ။ အဲသလို ဆွေစဉ်မျိုးဆက်နဲ့ နှစ်ရှည်လများ နေလာကြတဲ့ တရုတ်အမျိုးသားတွေနဲ့ နောက်ပေါက်တွေ မတူကြဘူးလို့ ကွဲကွဲပြားပြား မြင်ကြရပါတယ်။

“သူတို့နဲ့ ကျနော်တို့နဲ့က ယဉ်ကျေးမှုလည်း ကွာတယ်။ တော်တော်ကွာခြားတယ်ဗျ။ အရင်တုန်းက တရုတ်တွေက
 မြို့ခံ အိမ်ရှင်တွေ အပေါ်မှာ လေးစားသမှု ရှိတယ်။ ခပ်ယို့ယို့ပဲ နေတယ်။ ပပလွှားလွှား သိပ်မရှိဘူး။ အခုလူတွေကတော့ မြို့ခံတွေကို သိပ်လူမထင်တော့ဘူး” လို့ တရုတ်လူမျိုးဖြစ်သူ ဥတ္တရလွင်ပြင် စာအုပ်တိုက်က ဦးသန်းဋ္ဌေးက ဆိုပါရဲ့။

မြန်မာ့ဆိုရှယ်လစ် မဆလ ခေတ်တုန်းက လူဝင်မှုကြီးကြပ်ရေးကဏ္ဍ တင်းကျပ်ခဲ့ပေမယ့် ၁၉၈၈-၉ဝ နောက်ပိုင်း
 ပြည်ကြီးသားတွေ အဝင်စိတ်လာပါတယ်။ သူတို့ မန္တလေးမှာ ဘယ်လိုများ နိုင်ငံသား ဖြစ်လာပါလိမ့်။

ဦးသန်းဋ္ဌေးက “နယ်စပ် လဝက က ကဒ်ပြားတွေ လှိုင်လှိုင် ထုတ်ပေးတာပဲဗျာ။ သူတို့က မှတ်ပုံတင်ကို နယ်စပ်ကနေ ယူလာတာ။ နိုင်ငံသားကို မဟုတ်ဘူး။ တိုင်းရင်းသားဗျ။ ရှမ်း၊ ရှမ်းတရုတ်၊ ဝ၊ ကိုးကန့်တို့ပေါ့။ ပိုပြီးတော့ ရင်းမြစ် ကျတယ်။ နယ်စပ်မှာက ဘိန်းနဲ့ မှောင်ခိုနဲ့ ချမ်းသာကြတော့ တချို့ဆို မှတ်ပုံတင် နှစ်ခုသုံးခုတောင် ရှိတယ်။ ဝင်လို့ထွက်လို့၊ ပေးလို့ကမ်းလို့ အတော်ကောင်းတဲ့ ကာလပဲဗျ” လို့ ဖြေပါတယ်။

နောက်ပေါက် တရုတ်လူမျိုးတွေကို တရုတ်ကြီး ဦးသန်းဋ္ဌေးက “သူတို့ … သူတို့” လို့ပဲ နာမ်စားသုံးပါတယ်။

အရင်နှစ်ထဲ သိန်း ၂ ထောင်ဈေးပေါက်ရာက ဒီနှစ်မှာ ၄ ထောင့် ၅ ရာနဲ့ ပေးချေမယ့်သူက မရှား။ အပိုဆောင်းပေးဖို့ကလည်း မခဲယဉ်း။ 
မန္တလေးသား စာရေးဆရာက “ ဒီမှာမွေးတဲ့ ဌာနေတရုတ်
 တွေနဲ့ သူတို့နဲ့က ချမ်းသာပုံချင်း၊ ပိုင်ဆိုင်ပုံချင်း လုံးဝ
ကွဲပါတယ်။ ၁၉၉ဝ ဒီဘက်ပိုင်း ရောက်တဲ့ မောင်တွေပေါ့။
 တော်တော် ခြေလှမ်းသွက်ကြပါတယ်။ အထူးသဖြင့် အုပ်စိုးတဲ့ လူတွေကို ပိုင်နိုင်၊ ရင်းနှီးအောင် လုပ်တာ ကျွမ်းကျင်တယ်ဗျ။ ဒီလိုအတတ်ပညာတွေ တော်တော်ကြွယ်ဝတဲ့ လူတွေပါ။ မကင်းတရားတွေ အများကြီး ရှိတယ်လို့ ကြားဖူးပါတယ်” လို့ ပြောပါတယ်။
 chinanewyear
သူက “အခါအားလျော်စွာ ဗမာတွေနဲ့ ရောဖို့ ကြိုးစားတာတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ပိုက်ဆံရှိတယ်၊ တသီးတခြား နေလိုတဲ့ ဆန္ဒရှိတဲ့ လက္ခဏာက များပါတယ်။ ကျနော်တို့ကို အထင်သေးပြီးတော့ မရှိခိုးနိုးပေါ့၊
 တောင်းမယ် ရမ်းမယ်၊ ချေးမယ် ငှားမယ်ဆိုပြီး ကျနော်တို့ လူမျိုးကို နှိမ့်ချဆက်ဆံလို စိတ်တွေ ရှိကြပါတယ်” လို့ ဆိုပါတယ်။ သူ့လေသံထဲမှာ နှစ်ပေါင်းများစွာ မကျေမလည်နဲ့ မျိုသိပ်လာဟန်က ပေါ်နေပါတယ်။

ဦးသန်းဋ္ဌေးကတော့ “ဒီဘက်ခေတ်ရောက်လာတော့ လုပ်ငန်းတွေ ကြီးလာတယ်။ လွှမ်းမိုးမှုက များများလာတယ်။ အခုတော့ လက်ညှိုးထိုးမလွဲပေါ့ဗျာ” လို့ ဆိုလိုက်တာက စိန်ရွှေကျောက်မျက်ကအစ ဆောက်လုပ်ရေး၊ သစ်စက်၊ ဟိုတယ်၊ စားသောက်ဆိုင်အလယ် မုန့်ဆိုင်၊ စတိုးဆိုင်တွေအဆုံး ရည်ညွှန်းခြင်းပါ။

ဒီ တရုတ်စီးပွားရေး လုပ်ငန်းရှင်ကြီးတွေဟာ မြို့မျက်နှာဖုံးတွေတောင် ဖြစ်လာကြပြီလို့ မူလဒေသခံတွေကြား အဆိုရှိပါတယ်။ 

“ဥပမာ အာဏာပိုင်တွေကို ချဉ်းကပ်တာမျိုးဆို အလုံးအရင်းနဲ့ အုံနဲ့ကျင်းနဲ့ ရဲရဲတင်းတင်း ဝင်ထွက်ပြီးတော့ အခွင့်အရေးတွေ ရအောင်ယူနိုင်တာမျိုးတွေ ရှိတာပေါ့။ တော်တော်တန်တန် ကျနော်တို့ဗမာတွေ သိပ်လုပ်နိုင်တဲ့ အနေအထား မရှိဘူး။ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တယောက်ယောက် အပြောင်းအလဲ ရောက်လာတယ်ဆိုရင် ချက်ချင်း သွားလိုက်တာပဲ။ အဲဒါမျိုးတွေကအစပေါ့။ လုပ်ငန်းတခုခုချဲ့မယ်ဆို တိုင်းမှူးကို ၁ဝ သိန်းလောက် ပေးလိုက်တာမျိုး
 တွေက အစပေါ့။ ပေးဖို့ကမ်းဖို့လည်း ဝန်မလေးဘူး” လို့ တရုတ်ကြီး ဦးသန်းဋ္ဌေးက ချက်နဲ့လက်နဲ့ ထုတ်ပြပါတယ်။

ရာထူးအာဏာကြီးသူတွေကို အပိုင်ကိုင်ထားလို့ ရပ်ကွက်အဆင့်ရှိသူတွေလောက်တော့ အဖက်မလုပ်ပါဘူး။

“မြို့ထဲမှာ တိုက်ကြီးတာကြီးတွေ ဆောက်နေကြတယ်။ ဘယ်လူမျိုးမှန်းလည်းမသိ၊ ညာမှန်းလည်းမသိပေါ့။ ဘေးမှာ ဗမာမိသားစုတွေ နေကြတယ်ပေါ့။ ရုတ်ရုတ်ရက်ရက် ဖြစ်ကြပြီဟေ့ဆိုရင် ဧည့်စာရင်း စစ်ကြပြီပေါ့ဗျာ။ အဲလို စစ်ပြီဟေ့ဆို ဗမာအိမ်လောက်ပဲ စစ်တယ်ဗျာ။ တိုက်ကြီးကျတော့ ခေါ်မနှိုးဘူးဗျ။ တာဝန်ရှိသူများက ခေါ်နှိုးလည်း တံခါးဖွင့်မပေးဘူးဗျာ” လို့ ဦးသန်းဋ္ဌေးက နှိုင်းယှဉ်ပြော ပြောပါတယ်။

စီးပွားလာဘ်လာဘအတွက် အာဏာပိုင်တွေနဲ့ အလွမ်းသင့်တာမို့ အတိုက်အခံ နိုင်ငံရေးအလုပ်နဲ့ ခပ်ကင်းကင်း ခပ်ခွါခွါ နေကြတာလည်း သဘာဝကျလှပါတယ်။

“အရင် ၈ဝ ကျော်၊ ၇ဝ ကျော် ကာလတွေတုန်းက သူတို့ကလည်း လက်လုပ်လက်စား ရိုးရိုးသားသားတွေပဲလေ။ သူတို့လည်း အဖိနှိပ်ခံလူတန်းစားထဲ ပါတာ။ ကုန်သည်တွေ သူဋ္ဌေးတွေ မဟုတ်သေးဘူးဗျ။ ခေါက်ဆွဲကြော်ရောင်းတဲ့ အဖိုးကြီးတွေက သိပ်ကြီးပွားခဲ့တာ မဟုတ်ဘူးဗျ။ အခုလူသစ်တွေကတော့ နိုင်ငံရေး ကင်းတယ်ဗျ။ အလွန်ဆုံး သာရေးနာရေးအသင်း၊ ဗြဟ္မစိုရ်တို့ဘာတို့ကို ငွေလှူတာလောက်ပဲ လုပ်တာ” လို့ ဦးတင်အောင်မိုးက ပြောပါတယ်။

မြို့လယ်ခေါင်ထဲကမှ လမ်း ၈ဝ-၈၄ လမ်းအတွင်း၊ ၇၇ လမ်းကနေ လမ်း ၃ဝ အတွင်း အနေများပြီး ဗိုလ်ချုပ်ရွာမျိုးနဲ့ မြို့သစ်တွေမှာ ခမ်းနားထည်ဝါလှတဲ့ အိမ်ကြီးခြံကြီးတွေနဲ့ နေကြတာပါ။ ထီးနန်းကျခဲ့တဲ့ နန်းတော်ကြီးတမျှ
 ဆောက်လုပ်ထားကြတာပါ။

ဒေသခံတွေနဲ့ အခြေအနေချင်း ကွာဟနေလို့ မကြာသေးခင်က ကျောက်ဝိုင်း ခိုက်ရန်ပွဲမျိုး မျက်ဝါးထင်ထင်
 မြင်ရပေမယ့် အောင့်အည်းသည်းခံရမှုတွေက အစိုင်အခဲများ ရှိနိုင်မလားပဲ။

ဦးတင်အောင်မိုးက “သူလည်းကုန်သည် ကိုယ်လည်း ကုန်သည်မို့ ထိပ်တိုက်ဖြစ်တာ။ တချို့လုပ်ငန်း အများစုမှာက ဗမာက အလုပ်သမားဗျ၊ သူတို့က အလုပ်ရှင်။ ပိုင်ရှင်သူဋ္ဌေးဆိုတော့ မဖြစ်ဖြစ်ဘူးပေါ့ဗျာ။ ကျောက်ဝိုင်းလိုဟာမျိုးကျ သူတင်ကိုယ်တင်ကိုး။ ငြိစရာရှိရင် အဲဒါမျိုးတကြောက ငြိကြတယ်” လို့ ကောက်ချက်ချပါတယ်။

သူဆက်ပြောတာက “သရက်တို့၊ ဖရဲတို့၊ သခွားမွှေးတို့ တရုတ်ပြည်ဘက် သွားရောင်းတယ်ဆိုရင် အမျိုးမျိုး
 ဈေးနှိမ်ခံနေရတာပဲ။ တချို့ဆို ပြန်မသယ်နိုင်လို့ ရသလောက်နဲ့ ထိုးရောင်းရတယ်။ တချို့ကျ လှည့်ကို မကြည့်ဘူးပေါ့ဗျာ။ အဲဒါမျိုးမှာလည်း ထိပ်တိုက်တွေ့ဖို့ မဖြစ်နိုင်ဘူး။ ဈေးကစားမှုကလည်း သူတို့လက်ထဲမှာပဲ ရှိတာ။ ဒီလိုပဲ ငုံ့ခံလာခဲ့ကြရတာပေါ့” ဆိုတာပါပဲ။

ဒီလိုဈေးကွက်တွေမှာ အုပ်စီးမိအောင် ကျားကန်ပေးထားတဲ့ အကြောင်းအမျိုးမျိုးအနက် ခြစားလာဘ်စားတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လုပ်ငန်းလုပ်ခွင့် ပေးနိုင်တဲ့ ဒေသခံ အရာရှိတွေကြောင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့လုံခြုံရေး အကာအကွယ်ပေးဖို့ တရုတ်အစိုးရက မြန်မာအစိုးရကို ပြောထားတာတွေလည်း ရှိနေတယ်။

အပြင်ကျားကန်မှုသာမကက သူတို့ချင်း အတွင်းကျိတ် အင်အားတွေလည်း ရှိနေပြန်ပါတယ်။

“သူတို့အချင်းချင်းက လူအင်အားသာ နည်းတာ စည်းလုံးမှုကတော့ တော်တော်ကောင်းတယ်။ မိသားစုတခု အကြောင်းတခုခုကြောင့် စီးပွားပျက်တယ်ဆိုရင် ဘုံကျောင်းကနေ မတည်ပေးတဲ့ ပုံစံမျိုးတွေ တွေ့ရတယ်။ အလုပ်လည်း ကြိုးစားကြတယ်။ ဒါ သူတို့ကို အတုယူစရာတခုပေါ့။ ကျမတို့ မြန်မာလူမျိုးမှာက စီးပွားရေးမှာ တဦးနဲ့တဦး အားပေးမှုက တော်တော်နည်းတယ်” လို့ မန္တလေးအခြေစိုက် ဝံသာနု NLD ပါတီက အထွေထွေ အတွင်းရေးမှူး ဒေါ်နန်းရွှေကြာက သုံးသပ်ပါတယ်။
 
ဒီအချက်ကို ဌာနေတရုတ်ကြီး ဦးသန်းဋ္ဌေးကလည်း
“သူတို့နဲ့ ကျနော်တို့နဲ့က ယဉ်ကျေးမှုလည်း ကွာတယ်။ တော်တော်ကွာခြားတယ်ဗျ။ အရင်တုန်းက တရုတ်တွေက မြို့ခံ အိမ်ရှင်
 တွေ အပေါ်မှာ လေးစားသမှု ရှိတယ်။ ခပ်ယို့ယို့ပဲ နေတယ်။ ပပလွှားလွှား သိပ်မရှိဘူး။ အခုလူတွေကတော့ မြို့ခံတွေကို သိပ်လူ မထင်တော့ဘူး” 
သဘောတူပါတယ်။ “သူတို့က အလုပ်မရွေးဘူးပေါ့ဗျာ။ ဇွဲခတ်ပြီးတော့ အောက်ခြေကနေ စပြီးလုပ်တတ်တဲ့ ဟာလေးတွေကလည်း ရှိတော့ တက်တက်လာတာ
 တွေ့နေရတာပဲဗျ”

စာရေးဆရာကြီးက “ဆွေမျိုးထဲက သူဋ္ဌေးအကြီးတွေ၊
အဖွဲ့အစည်း (ဘုံကျောင်း) တွေရှိရင် သူတို့ချင်း ဝံသာနု ကြပါတယ်။ စောင့်ရှောက်တဲ့ သဘော ရှိပါတယ်” လို့ ရှုမြင်ထားပါတယ်။

ဘုံကျောင်းတွေဆိုတာ ပင်လယ်ရပ်ခြား တရုတ်များရှိတဲ့ နေရာတိုင်းမှာ ထူထောင်ထားပြီး သာရေးနာရေး ကိစ္စတွေကို အဓိကလုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားတာပါ။ ဒါထက်မက စီးပွားရေးအရ ခက်ခဲနေရင် မြေထောင်မြှောက်ရာ
 နေရာဌာနအဖြစ် ပါဝင်လာလေ့ရှိပါတယ်။
 drogronchinanewyear
“ကျမတို့နဲ့ ဈေးထဲမှာ ယှဉ်ပြီးတော့ လုပ်ကိုင်နေတဲ့ တရုတ်မိသားစု တစုဆိုရင် အရင်က အပေါင်ဆိုင်လုပ်တာ။ မီးလောင်တော့ ဘုံကျောင်းကနေ စိုက်ထုတ် မတည်ပေးတယ်” လို့ ဒေါ်နန်းရွှေကြာက ဥပမာပေးပါတယ်။

ဦးသန်းဋ္ဌေးက “ဘုံကျောင်းတွေက တရပ်တရွာမှာ အားမငယ်အောင် တယောက်နဲ့တယောက် လက်တွဲတဲ့ သဘောပါ။ လူမျိုးအလိုက် ဖွဲ့စည်းထားတာပါ။ လူမျိုးတွေကတော့ ဝမ်၊ ကျင် စသဖြင့် အများကြီးပေါ့။ သာရေးနာရေး အဓိကပါ။ လိုအပ်ရင် လိုအပ်သလိုပေါ့။ အလုပ်မရှိလို့ ဒုက္ခရောက်နေရင် တတ်နိုင်တဲ့သူတွေက သူတို့အလုပ်ရုံ ပွဲရုံတွေမှာ အလုပ်ပေးထားတာတို့ စသဖြင့်ပေါ့။ ဆိုင်ဖွင့်ချင်တယ်ဆို ပိုက်ဆံပေးတာတို့။ စီးပွားရေးမှာကျတော့ အမျိုးတူတဲ့ သူအချင်းချင်းဆို ကူညီတာ များတယ်။ ငွေတွေဘာတွေ ထုတ်ပေးတယ်။ မှန်မှန်သာ သွင်းရင် ပြန်ရတယ်” လို့ ရှင်းပြပါတယ်။
 
ဒေါ်နန်းရွှေကြာက “ကျမလည်း ကုန်စုံဆိုင်ဖွင့်ထားတယ်။ ဆင်းရဲတဲ့ဗမာတွေ များများဝယ်နိုင်အောင် အရင်းနှီးနှီးဈေးနဲ့ ရောင်းပါတယ်။ ဒါပေမဲ့ ကျမ ရင်းနှီးနိုင်တာနဲ့ သူတို့ရင်းနှီးနိုင်တာနဲ့ မတူတော့ ရရှိတဲ့အမြတ်လည်း မတူနိုင်ဘူး။ သူတို့က ငွေအင်အားနဲ့ လွှမ်းမိုးနိုင်တော့ ယှဉ်လို့မရတဲ့ အပိုင်းတွေ အများကြီးပေါ့။ ရင်းနှီးမြှုပ်နှံနိုင်မှုအား အပေါ်မှာလည်း မူတည်ပါတယ်” လို့ စီးပွားရေးတွက်ကိန်း ထုတ်လာပါတယ်။

အရင်းနည်းတဲ့သူတွေအပြင် အရင်းမဲ့တဲ့သူတွေကတော့ မြို့သစ်တွေကနေ မြို့ထဲ အလုပ်ရုံတွေဆီ နေထွက်မှသည်
 နေဝင်တဲ့အထိ လာလုပ်ရပါတယ်။

“တနေ့လုပ်မှ တနေ့စားတွေ။ စက်ဘီးကို တနေ့ ၂ဝဝ နဲ့ ငှါးပြီး မြို့ထဲ လာအလုပ်လုပ်ကြရတယ်။ အလုပ်ကပြန်မှ
 ဈေးဝယ်ပြီး ချက်စားကြတဲ့သူ၊ သို့တည်းမဟုတ် ချက်ပြီးသားလေး ဝယ်စားကြပြုကြတဲ့ လူတန်းစားတွေပေါ့” လို့ စာရေးဆရာကြီးက ရှင်းပြပါတယ်။

ဒါနဲ့ဆက်စပ်ပြီး မန္တလေး ကဗျာဆရာတွေ တင်စားလေ့ရှိတဲ့ ‘နေလုံးကို ကျောပိုး’ နေကြရတယ်ဆိုတာလည်း
ဆရာကြီး ရှင်းပြလို့ နားလည်ခွင့် ရလိုက်ပါတယ်။

“အရှေ့ဘက်ကနေ အနောက်ဘက်ကို လာကြရတာ
“သူတို့ အချင်းချင်းက လူအင်အားသာ နည်းတာ စည်းလုံးမှုကတော့ တော်တော်
 ကောင်းတယ်။ မိသားစုတခု အကြောင်း တခုခုကြောင့် စီးပွားပျက်တယ်ဆိုရင် ဘုံကျောင်းကနေ မတည်ပေးတဲ့ ပုံစံမျိုးတွေ
 တွေ့ရတယ်။  
ဆိုတော့
 နေလုံးကို ကျောပိုးပြီး လာကြရတယ်။ ပြန်တော့လည်း
 နေလုံးကို ကျောပိုးပြီးပြန်တယ်လို့ ဖွဲ့ကြတာပေါ့ဗျာ”

နေ့စဉ်နေ့တိုင်း နေလုံးကို ကျောပိုးထားရသူ ရွှေမန်းသား
 တွေအဖို့ ကျုံးရေကို ပြန်သောက်၊ နာရီစင်အောက်
 ပြန်ရောက်နိုင်ဖို့ ဆိုတာ အတော်လုံးပန်းရဖွယ် ရှိပါတယ်။

ထောင်ကျခဲ့ဖူးတဲ့ စာရေးဆရာကြီးက “ကျနော်တို့ ထောင်ထဲမှာ ပြောနေကျ စကားတခုရှိတယ်ဗျ။ ငွေများ တရားနိုင်တဲ့ခေတ် မဟုတ်တော့ဘူးကွ။ ငွေနည်း တရားရှုံးတဲ့ခေတ် ရောက်ပြီလို့။ အနည်းနဲ့အများ ပေးနေကြတာ။ သူတို့က ပိုများများ ပေးနိုင်ကြတယ်။ အဲဒီတော့ ဥပဒေကို ကျော်လွှားဖို့ အခြေအနေက ပေးနေတာကိုး” လို့ ဥပဒေစိုးမိုးရေးကို တရိုးတမယ်ဖွဲ့ပြပါတယ်။

ဒီအခြေအနေတွေကို ကာကွယ်ရဖို့က ဥပဒေလား၊ ဝံသာနုစိတ်ထားလား၊ အဓိကရုဏ်းနည်းလားဆိုတာ စဉ်းစားကြပေမယ့် အဓိကရုဏ်းကတော့ ပြဿနာပေါင်းစုံကို မဖြေရှင်းနိုင်တဲ့ အစိုးရအတွက် ပြည်သူကို အာရုံပြောင်းဖို့ အကြိုက်တွေ့သွားမယ်လို့ အတိုက်အခံ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်အခြေ ခိုင်ရဖို့အရေး စာရေးဆရာ ညီပုလေးနဲ့ မိုးမိုး (အင်းလျား) တို့ အပါအဝင် စာပေနယ်ပယ်က အဦးအဆွကတည်းက သတိပေးစာပေတွေ ရေးခဲ့ပါတယ်။ အခုလို အထင်အရှား ရင့်သန်လာတဲ့အခါ အမြင်လွယ်သလောက် ဖြေရှင်းရမှာက အလွယ်တကူ မဟုတ်ပါဘူး။

အများနည်းတူ ရှာဖွေကြတဲ့အထဲမှာ ဆရာဝန် ကဗျာဆရာ မြတ်ထက်က သူ့ကလောင်စွမ်းနဲ့ ဝံသာနုလိုက်ပါရဲ့ …။

 မွေးမြေ မန္တလေး
တုတ်ကွေး လှိုက်စား
နုံးချည့် မသွားမီ
အဆီအနှစ်များ
အရည် ဖြစ်မသွားဖို့
စီဗစ်တပြားတော့ တိုက်ထားမှ…။ ။

No comments: