Pages

Saturday 2 July 2011

EDGE စနစ်သုံး GSM Internet အသုံးပြုပုံ

EDGE စနစ်သုံး GSM Internet
  • Prev
  • 1 of 2
  • Next
EDGE စနစ်သုံးGSM Internet များ စတင် လျှောက်ထား ခွင့်ရရှိပြီး အသုံးပြု နိုင်ပြီဖြစ် သဖြင် GSMဖုန်း ဖြင့်Internet ချိတ်ဆက် အသုံးပြုပုံကို ဖော်ပြ ပေးလိုက် ပါတယ်။ မိမိGSM ဖုန်းကို အင်တာနက် လျှောက် ထားမှု ဆောင်ရွက်ပြီးစီးတဲ့ နောက်တစ်ရက် အတွင်း Internet အသုံးပြု ခွင့်ရရှိမှာ ဖြစ်ပါတယ်။ EDGE Modem များကို Computer အရောင်းဆိုင်များမှ တင်သွင်းရောင်းချ လာခဲ့ သဖြင့် Modem ဖြင့် ချိတ် ဆက် အသုံးပြု နိုင်သလို Smart Phone တွေမှာ Internal Modem ပါရှိတဲ့ အတွက် မိမိဖုန်းကို Computer မှာ Modem အဖြစ် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

ဖုန်းဝယ် ယူစဉ် ပါရှိတဲ့Software CD နဲ့ ComputerမှာInstall လုပ်ပြီး Connection ရယူချိတ်ဆက်ကာ Computer နဲ့Internet အသုံး ပြုနိုင်ပါတယ်။ Softwareမှာပါရှိတဲ့ Internet Connection ပုံစံ ကမ္ဘာလုံးပုံလေးကို click လုပ်လိုက်ပြီး Setting ထဲသို့ ဝင်ရောက်ပါ။ Modem နေရာမှာတော့ သူ့မူရင်း နဂို Setting အတိုင်း ထားရှိပြီး နောက် တစ်ဆင့်မှာတော့ Configure the connection Manually ဆိုတဲ့ မိမိလိုသလို ပြုပြင်နိုင်မယ့် နေရာ လေးကို ရွေးပြီးNext ကို နှိပ်လိုက် ပါ။ ကိုယ်ကြိုက်တာ ထည့်နိုင်သလို ဒီအတိုင်းထားပြီး အမှန်ခလုတ် လေး ကိုနှိပ်လည်း ရပါပြီ။ ပြီးရင် အောက်မှာပါရှိတဲ့ Connection ခလုတ်လေးကို နှိပ်တာနဲ့ ကွန်ပျူတာ မှာ အင်တာနက် စတင် အသုံးပြုလို့ရပါပြီ။
Phone နဲ့ အသုံးပြုမယ် ဆိုရင် ပထမ အဆင့်အနေနဲ့ မိမိဖုန်း အတွင်းရှိ Tools ထဲကိုဝင်ပြီး Connection တစ်ခုကို တည်ဆောက်ပေး ရမှာဖြစ်ပါတယ်။Tools ထဲမှConnection ထဲကို ဝင်ပြီး Access Point Conncetion တစ်ခု တည်ဆောက် ပေးရမှာ ဖြစ်ပါတယ်။ Connection Name ကို မိမိနှစ်သက်ရာ ပေးနိုင်ပြီးData bearer နေရာမှာတော့Packet Data ကိုရွေးပေး လိုက်ရုံပါ။ ကျန်တဲ့ Setting တွေကတော့ နဂို အတိုင်းပဲ ထားရှိရုံနဲ့ ရပါတယ်။ ဒုတိယ အဆင့် အနေနဲ့ကတော့ မိမိဖုန်းမှာပါဝင်တဲ့ကမ္ဘာလုံးပုံအင်တာနက် Browser ဖွင့်ပြီး Settingထဲ ဝင်လိုက်ပါ။ Access Point Connection မှာ ပထမ အဆင့်တုန်းက တည်ဆောက်ခဲ့တဲ့ Connection လေးကို ရွေးပေးလိုက်ရုံနဲ့ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်  ပြီဖြစ် ပါတယ်။ တစ်ခု သတိထား ရမှာကတော့ မိမိဖုန်းရဲ့အပေါ်နားက Signal ပြတဲ့ အတုံးလေး တွေနားမှာ 3.5G, 3G လို့ပေါ်နေရင် အင်တာနက် ကွန်နက်ရှင် မရရှိသေးတဲ့ နေရာ တွေဖြစ်ပြီး E လို့ပေါ်လာမှသာ Internet Connection ရရှိအသုံးပြုနိုင်မှာ ဖြစ်ပါတယ် ဆိုတဲ့ အကြောင်း GSM Internet Connection အသုံးပြုပုံကို ဖော်ပြပေးလိုက်ပါတယ်။

No comments: