Pages

Wednesday 13 July 2011

အမျိုးသားများ အတွက် လက်ညိုးက ပြောတဲ့ ကျန်းမာရေး ပြဿနာ

news
လက်ညှိုးသည် လက်သူ ကြွယ်ထက် ပိုရှည်လျှင် မမွေးခင်က တက်စတိုစတီရုန်း ဟော်မုန်း နည်းသည်။
ဆီးကျိတ်ကင်ဆာ
ဗြိတိသျှ ကင်ဆာဂျာနယ်၏ သုတေသန ပြုမှုအရ ဤကဲ့သို့သော လူများတွင် ဆီးကျိတ် ကင်ဆာဖြစ် နိုင်ခြေ သုံးပုံတစ်ပုံ လျှော့နည်း သည်။
အရိုးပွန်းစားရောဂါ
ယူကေနိုင်ငံတွင် လေ့လာချက်အရ အရိုးပွန်းစားရောဂါ ( ဥပမာ-ဒူးနာခြင်း ) ဖြစ်ပွားမှု တစ်ဝက်ခန့် လျော့နည်းသည်။ လက်ညိုး၊ လက်သူကြွယ် အတိုအရှည် ညီနေလျှင်တောင်မှ အရိုးပွန်းစားရောဂါ ဖြစ်ပွားမှု လျော့နည်း သည်။
မျိုးပွားစွမ်းရည်
သုတ်ပိုးကောင် အရေအတွက် လည်း နည်းတတ်ကြောင်း လေ့လာတွေ့ရှိထားရသည်။ ထို့ကြောင့် မျိုးပွား စွမ်းရည် နည်းနိုင်၏။
လက်ညိုးသည် လက်သူကြွယ်ထက်ပိုတိုလျှင်
မမွေးခင်ကတည်းက တက်စတိုစတီရုန်း ဟော်မုန်းများသည်။
နှလုံး တိုက်ခိုက်ခံရမှု
ဗြိတိသျှနှလုံးရောဂါဂျာနယ်၏ လေ့လာချက်အရ အသက် ၃၀ နှင့် အသက် ၄၀ အရွယ်များတွင် နှလုံးတိုက်ခိုက်ခံရမှု လျော့နည်း သည်။
ထက်သန်တက်ကြွမှု ( Aggression )
ကနေဒါသိပ္ပံညာရှင်များ၏ တွေ့ရှိချက်အရ ရုပ်ပိုင်းဆိုင်ရာ ထက်သန်တက်ကြွမှု ပိုများသည်။
စိတ်ပိုင်း ဆိုင်ရာခိုင်မာခြင်းအရေထူခြင်း
ယူကေနိုင်ငံတွင် လေ့လာချက်အရ စိတ်ပိုင်းဆိုင်ရာအရေထူပြီးခိုင်မာမှုရှိသည်။ ခံနိုင်ရည်ရှိသည်။ အကောင်း မြင်စိတ်ထား ပိုရှိသည်။

No comments: