Pages

Monday 11 July 2011

Facebook တွင် ဗီဒီယို ချက်တင် အသုံးပြု နိုင်တော့မည်

Facebook
Facebook သုံးစွဲ သူများ အတွက် အဆိုပါ အစီအစဉ်ကို ယခု ရက် သတ္တပတ် အတွင်း Skype နှင့် ပူးပေါင်း အကောင် အထည် ဖော်သွားမည်ဟု အင်တာနက်စာမျက်နှာများ တွင်ဖော်ပြ
လူသုံး အများဆုံး လူမှုကွန်ရက် အဖြစ်ရပ် တည်နေပြီး ပြီးခဲ့သည့် ရက် သတ္တပတ်က အွန်လိုင်း စစ်တမ်းကောက် ယူမှု တစ်ရပ်တွင် ဝင်ရောက် ကြည့်ရှု သူအများဆုံး ဝက်ဘ်ဆိုက်အဖြစ် တတိယ နေရာတွင် ဖော်ပြခြင်း ခံခဲ့ရ သည့် Facebook သည် ယခုအခါ အသုံးပြု သူများ အားတစ်ဦးနှင့် တစ်ဦး မျက်မြင် ကိုယ်တွေ့ အဆက် အသွယ် ပြုနိုင်ရန် ဗီဒီယိုချက် တင်ဝန်ဆောင်မှု ကို Online Calling ကုမ္ပဏီ Skype နှင့်ပူးပေါင်း၍ ပြုလုပ်ပေး တော့မည်ဟု သိရသည်။
အဆိုပါအစီအစဉ်ကို ဇူလိုင် ပထမပတ်နှင့် ဒုတိယပတ်အတွင်း အ ပြီးသတ် အကောင် အထည်ဖော် သွားရန် ပြုလုပ် လျက်ရှိပြီး ၎င်းဝန်ဆောင်မှုကို အသုံးပြုနိုင်မည့် ပစ္စည်းတစ်မျိုးကို ရောင်းချပေး သွားမည် ဟု သိရသည်။ Facebook နှင့် ပူးတွဲ အကောင်အ ထည်ဖော်မည့် Skype သည် လက်ရှိ အချိန်တွင် အသုံးပြု သူဦးရေ သန်း (၁၇၀)ရှိပြီး ပြီးခဲ့ သည့်မေလအတွင်းက ထိပ်တန်း ဆော့ဖ်ဝဲ ကုမ္ပဏီ Microsoft က ဒေါ်လာ (၈.၅)ဘီလီယံဖြင့် ဝယ်ယူခဲ့သည့် ဝန်ဆောင်မှုတစ်ခု လည်းဖြစ် သည်။
၎င်းတို့သည် browser သတျနမ အခြေခံဖြစ်သည့် ဗီဒီယိုချက် တင်ဝန်ဆောင်မှုကို Skype အသုံးပြု သူများအား ထောက်ပံ့ပေးနိုင်ခဲ့ရာ Facebook ကဲ့သို့ အသုံးပြုသူသန်း (၇၅၀)နီးပါးရှိလာသည့် လူမှုကွန်ရက် တစ်ခုနှင့် ပူးပေါင်း၍ ထပ်ဆင့်ဝန် ဆောင်မှုပေးရန် စိတ်ဝင်စား၍ ယခု ကဲ့သို့ လက်တွဲခဲ့ ခြင်းဖြစ် ကြောင်းသိ ရသည်။ Facebook အနေဖြင့် အဆို ပါ ဗီဒီယိုချက်တင်ဝန်ဆောင်မှုကို Skype ၏ နည်းပညာ သက်သက်ဖြင့် သာ Feature တစ်ခုအနေဖြင့်ထည့် သွင်းပေးသွား မည်ဖြစ်ပြီး မိုဘိုင်း ပစ္စည်း များအပြင် Desktop များဖြင့်ပါ အ ဆင်ပြေပြေ အသုံးပြုနိုင်ရန် ရည်ရွယ် ထားကြောင်း သိရသည်။
Facebook မှ ၎င်း ဝန်ဆောင်မှုကို အသုံးပြုရန် အတွက် သီးသန့် Facebook Account ရှိရန်လိုအပ်သည်ဟု သိရပြီး လက်ရှိ Skype အသုံးပြုသူများအနေ ဖြင့်လည်း Facebook Account ရှိ မှသာ Facebook ကွန်ရက်ပေါ်မှာ Skype ၏ဝန်ဆောင်မှုကို အသုံးပြု နိုင်မည်ဟု ဖော်ပြထား သည်။ သို့ သော် ၎င်းခန့်မှန်းမှုများမှာ သေချာ သည့် သတင်း အချက်အလက် များ ဖြစ်သည်ဟု Facebook နှင့် Skype တို့မှ အတည်ပြု ပြောကြား ထားခြင်း မရှိသေးပေ။ ယခု အစီအစဉ်မတိုင် ခင်အချိန်ကတည်းက Facebook နှင့် Skype ကုမ္ပဏီ တို့သည် ပူးတွဲ လုပ်ဆောင် မှုများစွာ ပြုလုပ်ခဲ့ကြပြီး Skype ၏ ဗီဒီယိုချက်တင် ဝန်ဆောင် မှုတွင် Facebook ၏ Feature များ တစ်ပါတည်း ထည့်သွင်းပေးထား ကြောင်းသိရ သည်။ ထို့ကြောင့် Facebook အသုံး ပြုသူများ အနေဖြင့် မည်သည့်အချိန် ကမှ အသုံးပြုဖို့ အခွင့်အရေး မရရှိခဲ့ သည့် ဗီဒီယိုချက် တင်ဝန်ဆောင်မှုကို အသုံးပြုနိုင် တော့မည်ဖြစ်သည်။
Ref: TechCrunch
ဇော်ဇော်
 

No comments: