Pages

Thursday 7 July 2011

ယုံကြည်မူ နောက်က မနက်ဖြန်တွေ

news
ဖော်ရွေသော အပြုံး၊ ကြည်ရွှင် သောနှလုံးနဲ့ ကိုသားကျော်တို့ ဇနီး မောင်နှံကို တွေ့မြင်ခဲ့ သည်မှာ တစ်နှစ်ကျော် ဝန်းကျင်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ကိုသားကျော်တစ်ဦး  တည်းရှိနေတတ် တာမျိုး၊ တစ်ခါတစ် ရံသူ၏ဇနီးလုပ်သူ တစ်ဦး တည်းရှိ နေတတ် တာမျိုး။ ဇနီးမောင်နှံနှစ်ဦး စလုံး အတူ တကွ ပျော်ပျော်ရွှင်ရွှင် ဝယ်သူ့စိတ်ကြိုက် ရှင်းပြ တတ်တာ မျိုး။
ဒါသည် ကိုသားကျော်တို့ ဇနီး မောင်နှံရောင်း ချသော ပလက်ဖောင်း ပေါ်ကနိုင်ငံခြားဇာတ်လမ်းတွဲ ခွေ ဆိုင်လေးနှင့် သူတို့ ဇနီး မောင်နှံ ၏ ပုံ ရိပ်။ မည်သူတစ်ဦးတစ်ယောက်ကို ဖြစ်စေ သူတို့၏ ဆက်ဆံမှု မပြောင်း လဲ။ ခမ်းနားကြီး ကျယ်သည့် စူပါ မားကက်ကြီးများနှင့် အဆင့်မြင့် ဈေးဝယ် စင်တာကြီး များက အရောင်း ဆိုင်များလို ဝယ်သူလာလျှင် ခြေဆုံး ခေါင်းဆုံးကြည့်၍ ဆက်ဆံတတ် သည့် စရိုက်မရှိ။ ဝယ်သူတွေ လာ လျှင် ပျော်နေတတ်သည်။ ထိုသို့တွေ့မြင်ခဲ့ရသည့် အချိန် တစ်လျှောက် လုံးအားမာန် တွေအပြည့်။ ယုံကြည်မှုတွေများစွာ။ မြို့လယ် ပလက်ဖောင်းပေါ် လမ်းသွားလမ်း လာများစတင် ရောက်ရှိလာပြီး မကြာမီပင်သူတို့ ဇနီးမောင်နှံ၏ ဆိုင်သည်လည်း နေရာယူပြီးဖြစ် သည်။
"အခုတော့ ညနေ ၃ နာရီမှ ဆိုင်ထွက်လို့ရတာဆိုတော့ အဲဒီ အချိန်ပဲ စောင့်ထွက်ရတာပေါ့။ ရောင်း ခွင့်ပြု တာပဲ တော်သေးတယ်။ ရတဲ့အချိန်မရောင်းရင်လည်း မရောင်း ရရုံပဲ ရှိမှာပဲ။ မိုးရွာတဲ့ရက်ဆို ဆိုင် သာလာဖွင့် တယ်  ရောင်းချိန်က လည်း နည်းတော့ မရောင်းရတာတောင် ရှိတယ်"ဟု ရိုးသား သော ကိုသား ကျော်တို့ဇနီးမောင်နှံက လက်ရှိသူတို့ ၏ဘဝတွေကို ရှင်းပြသည်။များစွာသော   နှစ်များ ကတည်း က ပလက်ဖောင်းပေါ်ဈေးမရောင်းရ သတ်မှတ်မည်ဟု အမျိုးမျိုး ကြားသိ ခဲ့ရသော်လည်း ယခုတော့ တကယ် ဖြစ်လာခဲ့သည်။ သူတို့အားလုံးတွင် ကြိုတင်စီမံထားမှု မပြုနိုင်ခဲ့။ မည်သူ မျှလည်း ကြိုတင်စီမံခြင်း မရှိခဲ့။ သို့သော် ကိုသားကျော် တို့ဇနီး  မောင်နှံသည် ပျော်ပျော် နေတတ် သည်။  မရေရာ မသေချာမှုတွေ ကြားကပင် ပျော်စရာတွေဖန်တီးယူ တတ်သည်။ ဈေးသည်မို့ ဈေးဝယ် လာလျှင် ဝယ်သူ့စိတ်ကြိုက်ရှင်းပြ ရင်း သူတို့ဘဝထဲက အခက်အခဲ တွေမောင်း ထုတ်ပြီး ဖြစ်သည်။ ဒါ သည် ရိုးသားသော သူတို့ဇနီးမောင် နှံ၏ လက်တွေ့ဘဝ။ ထိုအချိန်လေး အတွင်းသည် သူတို့၏စိတ်တွေကို လျစ်ဟပြနေသည်။
"ဘာပဲဖြစ်ဖြစ်ဈေးသည်ဆိုတာ ဈေးဝယ်လာရင် ကျန်တာတွေ အ ကုန်မေ့ပဲ။ ဝယ်သူမလာတဲ့အချိန်ဆို ဟိုဟိုဒီဒီ တွေးပြီး စဉ်းစားရတော့ ခေါင်းထဲမှာ အကုန်ရောက်လာ ရော။ စားရေးနေရေး ဈေးမှန်မှန် ရောင်းရရေးအကုန်တွေးနေရတာ"ဟု ကိုသားကျော်က သူ၏စိတ်ခံအတိုင်း ရိုးသားစွာပြောပြသည်။ ထိုသို့ပြောပြီး ဝယ်သူလာသည် ဘက် လှည့်သွားသည်။ ဝယ်သူ့ အကြိုက် ဇာတ်လမ်းတွဲခွေ အချို့  ရွေးချယ်ပေးနေသည်။ နှုတ်က ချို သာစွာပြောနေသော်လည်း စိတ်က မပါသလို အမူအရာဖြစ်လို့နေ သည်။ တွေဝေမှုတွေ တုန့်ဆိုင်းမှုတွေ အနားမသတ်သော အတွေးစတွေ အားလုံးသည် ကိုသားကျော်၏ လှုပ်ရှားမှုတွင် တွေ့နေရသည်။ သူ၏ ချစ်ဇနီးသည်လည်း တစ်ချိန် က သူနှင့်စိတ်တူကိုယ်တူပင်။ ထို့ ကြောင့်ပင် သူ့စိတ်၌လည်း မနက် ဖြန်တွေအကြောင်း တွေးနေမည်မှာ သေချာလို့နေသည်။
                                                                               မိုးမြင့်မြတ်(PopularNews)

No comments: