Pages

Saturday 16 July 2011

မြန်နှုန်းမြင့် အင်တာနက် ADSL သည် နှစ်မကုန်ခင် ကျပ်ငါးသိန်းနဲ့ ရောင်းချဖို့ပြင်နေ

                                          မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက ADSL အင်တာနက်လိုင်းကို ကျပ်ငါးသိန်းနဲ့သည် နှစ်မကုန်ခင်မှာ ချထားပေးဖို့ စီစဉ်ထားတယ်လို့ MPT မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။ မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူက “ADSL အင်တာနက်လိုင်းကို ငါးသိန်းနဲ့ ချထားပေးနိုင်ဖို့စီစဉ်နေပါတယ်၊ ဒီနှစ် အတွင်းမှာပဲ ချထားပေးမှာပါ၊

Wednesday 13 July 2011

အမျိုးသားများ အတွက် လက်ညိုးက ပြောတဲ့ ကျန်းမာရေး ပြဿနာ

news
လက်ညှိုးသည် လက်သူ ကြွယ်ထက် ပိုရှည်လျှင် မမွေးခင်က တက်စတိုစတီရုန်း ဟော်မုန်း နည်းသည်။
ဆီးကျိတ်ကင်ဆာ
ဗြိတိသျှ ကင်ဆာဂျာနယ်၏ သုတေသန ပြုမှုအရ ဤကဲ့သို့သော လူများတွင် ဆီးကျိတ် ကင်ဆာဖြစ် နိုင်ခြေ သုံးပုံတစ်ပုံ လျှော့နည်း သည်။

Monday 11 July 2011

Facebook တွင် ဗီဒီယို ချက်တင် အသုံးပြု နိုင်တော့မည်

Facebook
Facebook သုံးစွဲ သူများ အတွက် အဆိုပါ အစီအစဉ်ကို ယခု ရက် သတ္တပတ် အတွင်း Skype နှင့် ပူးပေါင်း အကောင် အထည် ဖော်သွားမည်ဟု အင်တာနက်စာမျက်နှာများ တွင်ဖော်ပြ
လူသုံး အများဆုံး လူမှုကွန်ရက် အဖြစ်ရပ် တည်နေပြီး ပြီးခဲ့သည့် ရက် သတ္တပတ်က အွန်လိုင်း စစ်တမ်းကောက် ယူမှု တစ်ရပ်တွင် ဝင်ရောက် ကြည့်ရှု သူအများဆုံး ဝက်ဘ်ဆိုက်အဖြစ် တတိယ နေရာတွင် ဖော်ပြခြင်း ခံခဲ့ရ သည့် Facebook သည် ယခုအခါ အသုံးပြု သူများ အားတစ်ဦးနှင့် တစ်ဦး မျက်မြင် ကိုယ်တွေ့ အဆက် အသွယ် ပြုနိုင်ရန် ဗီဒီယိုချက် တင်ဝန်ဆောင်မှု ကို Online Calling ကုမ္ပဏီ Skype နှင့်ပူးပေါင်း၍ ပြုလုပ်ပေး တော့မည်ဟု သိရသည်။

Friday 8 July 2011

အလုပ်လုပ်ရင်း ပညာသင် လိုသည့် ကျောင်းသား များအတွက် ဗြိတိန်ကို ရွေးသင့် သေးလား

ကျောင်းသား
“ကျွန်တော် လာခဲ့ တုန်းကလို ပုံစံမျိုးနဲ့ လာမယ့် ကျောင်းသား တွေအတွက် အခု အဆင်မပြေ တော့ပါ ဘူး”ဟု ပြောလာ သူမှာ ဗြိတိန် နိုင်ငံတွင် ၁၂နှစ်ကြာ ရောက်ရှိနေသော ကိုဧရာထွဏ်း ဖြစ်သည်။ ကျောင် သား ပြည်ဝင် ခွင့် လွယ်ကူ အဆင်ပြေ နေချိန်တွင် အလုပ်အကိုင် ရည်ရွယ်ချက်ဖြင့် ကျောင်းသား အသွင် လည်း တစ်ဦး အပါ အဝင် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှ ရွှေ့ပြောင်း အလုပ်သမား များသည် အလုပ်သမား ဗီဇာရရှိရန် ခက် ခဲသော ဖွံ့ဖြိုးတိုးတက် သည့် နိုင်ငံများ ဆီသို့ ကျောင်း သားများအသွင်ဆောင်၍ ပြည်ဝင်ခွင့် ရရှိရန် ကြိုးပမ်း ခဲ့ကြသည်။
ကျောင်း တက်နေစဉ်တွင် အလုပ်လုပ်ကိုင် ခွင့် နှစ်ကာလ အကန့်အသတ် မရှိ ကျောင်းသား အဖြစ် နေထိုင်ခွင့်၊ ကျောင်းပြီး ဆုံးချိန်တွင် ၂နှစ် ဆက်လက် နေထိုင်ခွင့်၊

Thursday 7 July 2011

ယုံကြည်မူ နောက်က မနက်ဖြန်တွေ

news
ဖော်ရွေသော အပြုံး၊ ကြည်ရွှင် သောနှလုံးနဲ့ ကိုသားကျော်တို့ ဇနီး မောင်နှံကို တွေ့မြင်ခဲ့ သည်မှာ တစ်နှစ်ကျော် ဝန်းကျင်ခန့် ရှိခဲ့ပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ကိုသားကျော်တစ်ဦး  တည်းရှိနေတတ် တာမျိုး၊ တစ်ခါတစ် ရံသူ၏ဇနီးလုပ်သူ တစ်ဦး တည်းရှိ နေတတ် တာမျိုး။ ဇနီးမောင်နှံနှစ်ဦး စလုံး အတူ တကွ ပျော်ပျော်ရွှင်ရွှင် ဝယ်သူ့စိတ်ကြိုက် ရှင်းပြ တတ်တာ မျိုး။

Wednesday 6 July 2011

မိန်းကလေးတိုင်း ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီစာကို ဝေမျှလိုက်ပါတယ်

မိန်းကလေးတိုင်း ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဒီစာကို ဝေမျှလိုက်ပါတယ်..။ တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့ နားက ရွာလေးတစ်ရွာမှာ တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို ...စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။ အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။ ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောက်ျားလေးမျိုးပေါ့။

Monday 4 July 2011

မန္တလေးရောက် ပြည်ကြီးပေါက်

 အနေမဆန်းပြားခဲ့
ခြေလှမ်းမမှားတဲ့
ရွှေမန်းသားအစစ်တွေ
ကျုံးရေကို ပစ်ခွာ
နာရီစင်နဲ့ဝေးကွာ
ခုတော့ ရေကြည်ရာ မြက်နုရာ…။

ဲ့ကိုပေါက် | တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၂၀ မိနစ်
ခြေအနေမဆန်းပြားခ
လှမ်းမမှားတဲ့
ရွှေမန်းသားအစစ်တွေ
ကျုံးရေကို ပစ်ခွာ
နာရီစင်နဲ့ဝေးကွာ
ခုတော့ ရေကြည်ရာ မြက်နုရာ…။
 ကဗျာဆရာ မြတ်ထက်က သူရဲ့ ‘မြနန္ဒာ ရှာပုံတော်’ ထဲမှာ နန်းမြို့တော်ဟောင်း မန္တလေးကို လွမ်းတသသ၊ တမ်းတကာရယ်နဲ့ ခံစားရေးဖွဲ့ထားတာပါ။ ကိုယ်တိုင်ကလည်း မန္တလေးသားပါပဲ။

မြို့ရွာအစွဲရယ်က မြန်မာတွေကြား အတော်အတန် ကြီးမားလှတဲ့အထဲမှာမှ ရပ်ရွာဒေသ အိမ်ခင်ကြတဲ့ မန္တလေးသားတွေက အကဲပိုတယ်လို့ ဆိုရမလားပင်။
chinanewyear3
မန္တလေးမှာ နှစ်ပေါင်း ၃ဝ ကျော် နေလာတဲ့ လူထုဦးလှကိုတောင်မှ ‘မန္တလေးသား’ လို့ မပြောကြဘဲ ‘ဒေါ်အမာ့
 ယောက်ျား’ လို့ပဲ သာမည လက်ခံထားကြကြောင်း ကွယ်လွန်သူ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကပါ သတိပြုမိခဲ့ပါတယ်။

GSM ဖုန်းများ အင်တာနက်တပ်မှု ပြန်လည်ရပ်ဆိုင်း

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန် (မဇ္ဈိမ) ။       ။ နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား ဇွန် ၂၁ ရက်မှစ၍ အင်တာနက် တပ်ဆင်အသုံးပြုခွင့် ပြုခဲ့သော်လည်း ဇူလိုင် ၁ ရက်တွင် ပြန်လည် ရပ်ဆိုင်းလိုက်ကြောင်း
 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။

Saturday 2 July 2011

အသံတိတ် အိပ်မက် ဆိုးများ၏ နောက်ကွယ်

news
အမှတ် မထင်ပါပဲ။ အဲဒီနေ့က သူ့ယောကျာင်္း နေမကောင်း လို့ လာပြတာ။ သူ့ယောကျာင်္း ကို သောက်ဆေး ပေးနေတုန်း ကျွန်မ အနားကို အသာတိုးတိုး ကပ်ပြောတယ်။ “ဆရာမ၊ ကျွန်မ ရာသီပြန်ဆင်း နေတာ တစ်လကျော်ပြီ” တဲ့။ တကယ်ကို အမှတ်မထင် ပေါ့ပေါ့ပါးပါး ပါပဲ။ သူ့နာမည်က ဒေါ်ငယ်တဲ့။ ကျွန်မ ဆေးခန်းမှာ မကြာခဏ လာပြနေကျ မိသားစုရဲ့ အိမ်ရှင်မ တစ်ဦးပါ။ သူ့သမီးတွေ ကလေးဘဝ ကတည်းက ကျွန်မက သူတို့ရဲ့ မိသားစု ဆရာဝန်လို ဖြစ်နေခဲ့တာ။ သမီးသုံးယောက် ငယ်စဉ်ကတော့ ကလေးတွေ ချူချာလို့ မကြာခဏ လာပြကြ တယ်။ နောက်ပိုင်းတော့ သူတို့လည်း တခြား ပြောင်းသွားပြီး ဝေးသွားခဲ့ တယ်။ ဟိုတလောကတော့ ဒီနားပြန် ပြောင်းလာလို့ ဆိုပြီး ဒေါ်ငယ်တို့ ဆေးခန်းကို ပြန်လာပြတယ်။

EDGE စနစ်သုံး GSM Internet အသုံးပြုပုံ

EDGE စနစ်သုံး GSM Internet
  • Prev
  • 1 of 2
  • Next
EDGE စနစ်သုံးGSM Internet များ စတင် လျှောက်ထား ခွင့်ရရှိပြီး အသုံးပြု နိုင်ပြီဖြစ် သဖြင် GSMဖုန်း ဖြင့်Internet ချိတ်ဆက် အသုံးပြုပုံကို ဖော်ပြ ပေးလိုက် ပါတယ်။ မိမိGSM ဖုန်းကို အင်တာနက် လျှောက် ထားမှု ဆောင်ရွက်ပြီးစီးတဲ့ နောက်တစ်ရက် အတွင်း Internet အသုံးပြု ခွင့်ရရှိမှာ ဖြစ်ပါတယ်။ EDGE Modem များကို Computer အရောင်းဆိုင်များမှ တင်သွင်းရောင်းချ လာခဲ့ သဖြင့် Modem ဖြင့် ချိတ် ဆက် အသုံးပြု နိုင်သလို Smart Phone တွေမှာ Internal Modem ပါရှိတဲ့ အတွက် မိမိဖုန်းကို Computer မှာ Modem အဖြစ် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

Friday 1 July 2011

၂၀၆၁ ခုနှစ် မြန်မာပြည် မြင်ကွင်း

Than Htike Aung
ဇွန် ၃၀၊ ၂၀၁၁
http://myanmarinsingapore.com တွင် မေ ၁၈ ရက်နေ့က ဖော်ပြခဲ့သည့် Myanmar in 50 years သရော်စာကို ကူးယူပါသည်။

"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။"

လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေး ပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့် "ကျနော် ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့် ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။

ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်း ဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်... မင်းက ဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခု မင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့ စလုံးက ကောင်တွေမပြောချင်ဘူး။